ပရိသတ်အချစ်တော် စိုးပြည့်သဇင်ကတော့ မြန်မာဆန်တဲ့အလှပိုင်ရှင်လေးဖြစ်ပြီး မြန်မာဝတ်စုံလေး တွေနဲ့ တကယ်ကိုကြည့်ကောင်းသူလေးပဲ ဖြစ်ပါတယ်။

သူမကတော့ လက်ရှိမှာ မန္တလေး ရွှေမြို့တော် ကြီးကိုရောက်ရှိနေတာဖြစ်ပြီး မန္တလေးရောက်ခိုက် စန္ဒာမုနိ ဘုရားမှာMV ရိုက်ကူးရင်း ဘုရားဖူးခဲ့ပါတယ် ။

သူမကတော့ ဘာသာတရား ကိုင်းရှိုင်း တဲ့ ချစ်စရာကောင်းတဲ့ ဗုဒ္ဓဘာသာ မြန်မာမ လေးပဲ ဖြစ်ပါတယ်။

သူမရဲ့လူမှုကွန်ယက်မှာလည်း

"ခရီးသွားပါပြီးရင်နေရာလှလှလေးတွေမှာဓါတ်ပုံရိုက်ပါ.....

ဒါကဘဝရဲ့အမှတ်တရလေးတွေပါဘဲ......

အသက်တွေကြီးသွားတဲ့အခါအမှတ်တရဖြစ်တာပေါ့....ပြီးရင်ဖေ့ဘုတ်တင်ပါ....

သူများတွေမျက်စိနောက်နေမှာဘဲဆိုပြီးတွေးပူမနေနဲ့...likeပေးပေးha haပေးပေး.....အဲ့ဒါသူတို့အပိုင်း

ကိုယ့်ပုံလေးတွေကိုယ့်wallထဲမှာအမှတ်တရရှိနေဖို့ဘဲလိုတယ်....

ဒါကြောင့်ဘယ်နေရာဘဲရောက်ရောက်....ဓါတ်ပုံရိုက်တယ်..တင်တယ်.. " ဆိုတဲ့ စာသားနဲ့အတူ သူမရဲ့ အလှပုံရိပ်လေးတွေကို ပရိသတ်ကို မျှဝေပေးခဲ့တာပါ ။

" လှတဲ့နေရာတွေမရိုက်လိုက်ရလေခြင်းဆိုပြီးနောင်တမရချင်ဘူး. ခုလည်းMtvတပုဒ်မန္ တလေး မှာ လာရိုက်ရင်း....ဓါတ်ပုံတွေရိုက်ပစ်တယ်"ဆိုတဲ့စာလေးနဲ့ အတူကျက်သရေရှိ လှတဲ့ မြန်မာဆန်ဆန်အဝတ်စားလေးနဲ့ ပုံရိပ်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်။ တကယ့် ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံလှတဲ့ မြန်မာဆန်တဲ့အလှပိုင်ရှင် လေးပါပဲနော်။

Source : Soe Pyae Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။