ချစ်ပရိတ်သတ်ကြီးရေ အနုပညာလောမှာ နာမည်ကြီး ဝါရင့်သရုပ်ဆောင် မင်းသားကြီး မင်းဦးကိုတော့ ပရိတ်သတ်ကြီး ယနေ့တိုင် ချစ်ခင် အားပေးနေအုံးမှာဖြစ်ပါတယ်။သူဟာ တစ်ခေတ်တစ်ချိန်ထဲက နာမည် ကျော်ကြား လူကြိုက်များခဲ့တာဖြစ်ပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင် သရုပ်ဆောင်တက်တာ ကြောင့်လည်း အကယ်ဒမီဆုကို ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ဇာတ်ကားတွေရိုက်ကူးနေတယ်လို့လည်းသိရပြီး ချစ်ဇနီးလေးနဲ့အတူ ခရီးတွေ ထွက်နေတယ် လို့လည်းဖော်ပြထားပါတယ်။ချစ်စရာကောင်းတဲ့ ဇနီးချောလေးကို ပိုင်ဆိုင် ထားတာလည်းဖြစ်ပြီး သူတို့ဇနီး မောင်နှံကို လည်း ပရိတ်သတ်တွေက ချစ်ခင်နှစ်သက် ကြတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ သူတို့ဇနီးမောင်နှံဟာ ကျိုက်ထီးရိုးကို ရောက်ရှိနေတာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ကြည်နူးစရာကောင်းတဲ့ ခရီးသွား အမှတ်တရ ပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

" ကျိုက်ထီးရိုးဘုရားကိုအကြိမ်ပေါင်းများစွာရောက်ဖူးပေမဲ့ ဒီလိုအချိန်မျိုး တစ်ခါမှမသွားဘူးပါ

အန္တရယ်နည်းနည်းများတယ်လို့ခံစားရပေမဲ့ မိုးရွာထဲ မိုးကာလေးဝတ် အတူတူလမ်းလျောက်ပြီး ဘုရားဖူူးရတာကတော့ wonderfulပါဘဲဗျာ " ဆိုတဲ့ မင်းဦးတို့ ဇနီးမောင်ရဲ့ ပုံရိပ်လေးတွေက ကြည်နူးစရာကောင်းတာတော့ အမှန်ပဲဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း မင်းဦးတို့ဇနီးမောင်နှံရဲ့ ခရီးသွား ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။

Source : Min Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။