အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုများစွာရရှိထားတဲ့ မင်းသမီးချော ခိုင်နှင်းဝေကတော့ ပရဟိတလှုပ်ရှားမှုတွေနဲ့ ပရိသတ်တွေ ကြားမှာရေပန်းစားနေပါတယ်။မကြာခဏဆိုသလို လှူဒါန်းမှုတွေပြုလုပ်ပြီး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို လိုက်လံကူညီပေးတဲ့ သူမကတော့ ပရဟိ တစိတ်ဓာတ်အပြည့်နဲ့ တကယ့်ကိုလေးစားစရာကောင်းတဲ့ အနုပညာရှင်လေးအဖြစ် ပရိသတ်တွေ အသိမှတ်ပြုခြင်းခံနေရတာပဲ ဖြစ်ပါတယ်။သူမကတော့ပရဟိတလုပ်ငန်းတွေနဲ့ အတူအနုပညာလုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။

ခိုင်နှင်းဝေတစ်ယောက် "ချီးမွမ်းပေးပါ . . . .ချီးမွန်းခြင်းသည် ချီးမွန်းသူအတွက် ငွေကြေးတစ်စုံတရာ ကုန်ကျသောကိစ္စမဟုတ်ပါ။ တစ်ခဏအတွေးနှင့် တစ်ခဏအားထုတ်မှုလေးသာအရင်းစိုက်စရာလိုပါသည်။ဖုန်းကလေး တစ်ချက် ကောက်လှည့်ရုံ လေးငါးကြောင်းပါသည့် စာတိုလေး တစ်စောင် ကောက်ခြစ်ရုံနှင့်လည်းပြီးနိုင်ပါသည်။ အဲသည် အရင်းအနှီးလေး သေးသေးမှ ရလာမည့် အကျိုးအမြတ် မည်မျှကြီးမားနိုင်သည်ကို ချင့်တွက်ကြည့်ပါ။ "ဆရာဖေမြင့် ရဲ့ စကားလေးကို ပရိသတ်တွေအတွက်မျှဝေထားတာပါ ။

လက်ရှိ အနုပညာလောကမှ ပရိသတ်အချစ်တော်ပရဟိတသူရဲများစွာထဲမှ ခိုင်နှင်းဝေရဲ့ လှုပ်ရှားမှုတွေကိုတော့ ပရိသတ်များစွာအသိမှတ်ပြုမယ်ထင်ပါတယ်။ လေးစားစရာ လုပ်ရပ်တွေကို လုပ်ကိုင်နေတဲ့ ပရိသတ်အချစ်တော် ခိုင်နှင်းဝေရဲ့ ချစ်စရာပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Source - Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။