Myanmar load season 3ပြိုင်ပွဲပြီးဆုံးချိန်မှာတော့Top 10ပြိုင်ပွဲဝင်တွေကသက်ဆိုင်ရာအနုပညာအလုပ်တွေလုပ်ကိုင်နေကြတာဖြစ်ပါတယ်။ပြိုင်ပွဲဝင်တွေထဲကနီလန်းကလည်းပရိတ်သတ်တွေတစ်ခဲနက်အားပေးခဲ့ကြတဲ့ပြိုက်ပွဲဝင်တစ်ယောက်လည်းဖြစ်ပါတယ်။

အနုပညာအလုပ်တွေကိုလည်းချစ်ပရိတ်သတ်တွေအတွက်အများဆုံးလုပ်ကိုင်နေတာဖြစ်ပါတယ်။နီလန်းကတော့သီချင်းအသစ်တွေအတွက်မကြာသေးခင်ကမှcover songလုပ်နေတယ်လို့ပရိတ်သတ်တွေကိုပြောပြထားပါသေးတယ်။သူ့ချစ်ပရိတ်သတ်တွေကလည်းသူ့ရဲ့သီချင်းတွေကိုစောင့်မျှော်အားပေးနေတာပါ။

သူမဟာမကြာသေးခင်ကမှFan meeting ပြုလုပ်ခဲ့ပါသေးတယ်။သူ့ကိုချစ်တဲ့ပရိတ်သတ်တွေအများအပြားလာရောက်ခဲ့ပြီးသူ့လက်မှတ်လေးကိုTatooထိုးတာတဲ့ပရိတ်သတ်ကြောင့်အံ့သြခဲ့ရပါသေးတယ်။ယခုမှာလည်းသူ့ပရိတ်သတ်တစ်ယောက်ကသူ့လက်မှတ်လေးTattoo ထပ်ထိုးတာကြောင့်အံ့သြနေတာဖြစ်ပါတယ်။ပရိတ်သတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်ခြင်းကိုခံရတဲ့နီလန်းရဲ့ချစ်စရာပုံရိပ်တွေကိုလည်းမျှဝေပေးရင်းနဲ့အားပေးကြပါဦးနော်။

SOURCE:Nilen Parmawi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။