ပရိတ်သတ်တွေကိုချစ်စရာကောင်းတဲ့ပုံရိပ်တွေနဲ့တူတူအချစ်သီချင်းအေးအေးလေးတွေနဲ့ဖမ်းစားထားတာကတော့အဆိုတော်ပိုပိုပဲဖြစ်ပါတယ်။သူ့ရဲ့သီချင်းတွေကလည်းပရိတ်သတ်တွေအကြိုက်သီချင်းဖြစ်တာကြောင့်တစ်ခဲနက်အားပေးခြင်းခံရတာဖြစ်ပါတယ်။
အဆိုတော်ပိုပိုကတော့ပရိတ်သတ်တွေကိုသီချင်းတွေအကောင်းဆုံးချပြဖို့အတွက်ဘန်ကောက်မှာသွားပြီးသင်တန်းတက်ခဲ့တာဖြစ်ပါတယ်။မကြာခင်ကမှပြန်ရောက်လာပြီးအနုပညာအလုပ်တွေပြန်လုပ်နေတာဖြစ်ပါတယ်။ခုမှာတော့Special 9ဇာတ်ကားGold Carpet Showကိုရောက်နေတာဖြစ်ပါတယ်။
ဒီပွဲလေးကိုတော့ဘန်ကောက်ကဒီဇိုင်းပုံစံနဲ့ပွဲတက်လာတာဖြစ်ပါတယ်။Special 9ဇာတ်ကားဟာပရိတ်သတ်တွေကြားမှာအထူးရေပန်းစားနေတာဖြစ်ပါတယ်။မကြာသေးခင်ကမှပိုပိုဟာပရိတ်သတ်အချစ်တော်မြင့်မြတ်ရဲ့သားလေးကိုသွားရောက်တွေ့ဆုံပါသေးတယ်။
Source:ဝတ်ရည်မိုး
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။