မိန်းခလေးတွေ အသဲစွဲ မော်ဒယ်သရုပ်ဆောင် တိုင်ရွန်ကို ချစ်ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူကတော့ ဆယ်ကျော်သက် မိန်းကလေးတွေ သည်းသည်းလှုပ် အားပေးခံရသူလေးလည်းဖြစ်ပါတယ်။တက်တူးအမိုက်စားနဲ့ အမြဲဖက်ရှင်ကျနေတတ်တဲ့ တိုင်ရွန်ကိုတော့ ပရိသတ်ကြီးသိမယ်ထင်ပါတယ်။ ကိုရီးယားမင်းသားတွေ ရှုံးလောက်တဲ့ ရုပ်ရည်နဲ့ body အမိုက်စားကလည်း ပျိုမေတွေရဲ့ အသည်းကျော်အဖြစ် နာမည်ကြီးအောင်မြင်နေသူ ဖြစ်ပါတယ်။

တိုင်ရွန်ကတော့ ဒီရက်ပိုင်းမှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတာဖြစ်ပြီး သူရဲ့ နေ့စဉ်လှုပ်ရှားမှု အနုပညာပုံရိပ်များကိုလည်း လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။လတ်တလောမှာလည်း ဗယ်လာမြတ်သီရိကျော်နဲ့အတူ Horizon Lake View Resort Nay Pyi Taw တွင် Wedding Fair Billboards အတွက် မင်္ဂလာစုံတွဲပုံရိပ်လေးတွေ ရိုက်ကူးထားတာလေးတွေ ဖော်ပြထားတာတွေ့ရပါတယ်

ပုံလေးတွေထဲမှာ နှစ်ယောက်လုံး ချစ်စရာကောင်း နေတာလည်းဖြစ်ပါတယ်။တိုင်ရွန်ကတော့ အမြဲကို စမတ်ကျတဲ့ စတိုင်တွေနဲ့ ကောင်မလေးတွေရဲ့ အချစ်ပိုစေသူလေးလည်းဖြစ်ပါတယ်။ဗယ်လာ မြတ်သီရိကျော်နဲ့အတူ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကိုလည်း ဖော်ပြထားတာလည်းတွေ့ရပါတယ်။ချစ်ပရိတ်သတ်တွေတွက် တိုင်ရွန်နဲ့ ဗယ်လာတို့ရဲ့ အမိုက်စား ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Source:Tyron Bejay

Photo credit 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။