ပရိသတ်တွေအားကျချစ်ခင်ရပြီး အမြဲစောင့်ကြည့်အားပေးမှုတွေကို အများဆုံးရရှိထားတဲ့ အနုပညာရှင်မိသားစုလေးတွေထဲမှာ အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ကြည်နူးစရာမိသားစုလေးကတော့ ထိပ်ဆုံးပါပဲ..။

ပြည်သူ့အသည်းကျော် အမွှာသမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမတို့ရဲ့မိသားစုလေးကတော့ တစ်နေ့ထက်တစ်နေ့ ပျော်ရွှင်ကြည်နူးစွာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေကြတာပဲ ဖြစ်ပါတယ်..။

လတ်တလောမှာတော့ ခေတ်နဲ့ သစ်လေးတို့ရဲ့ မေမေ နာမည်ကျော်အဆိုတော် သရုပ်ဆောင်မင်းသမီချော ချစ်သုဝေကတော့ ကလေးတွေကြားမှာ ကလေးဗိုလ်လုပ်ရင်း ချစ်စရာကောင်းစွာ ပျော်နေပါတယ်..။

ကလေးတွေနဲ့ပျော်နေတဲ့ သူမကတော့ IPANEMA ဖိနပ်အတွက် ကလေးတွေနဲ့အတူ ကြော်ငြာရိုက်ကူးပေးရင်း ချစ်စရာကောင်းစွာ ပျော်ရွှင်နေတဲ့ သူမရဲ့ပုံရိပ်လေးတွေကလည်း တကယ့်ကို ကလေးဗိုလ်လေးပါပဲနော်..။

ခေတ်လေးနဲ့ သစ်လေးတို့ကလည်း မေမေချစ်သုဝေနဲ့အတူ မကြာခဏကြော်ငြာတွေ ရိုက်ကူးနေပြီး သူမတို့သားအမိတွေရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက အမြဲသဘောကျအချစ်ပိုနေကြတာ တွေ့ရပါတယ်..။

မေမေချစ်သုဝေကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်ရိုက်ကူးနေသလို သမီးလေးတွေနဲ့အတူ သာယာပျော်ရွှင်တဲံ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်..။

Photo - ချစ်သုဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။