ခုတလောမှာပရိတ်သတ်တွေကိုစိတ်အဝင်စားဆုံးဖြစ်စေခဲ့တဲ့ဇာတ်ကားကတော့Special 9ဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးရိုက်ကူးစဉ်ကအဖြစ်ပျက်တွေကိုပါဝင်တဲ့အနုပညာရှင်တွေပြန်လည်ပြောတာကြောင့်လည်းပရိတ်သတ်တွေစိတ်ဝင်စားဆုံးဖြစ်ခဲ့ရတာပါ။ဒီကားလေးကတော့အက်ရှင်ဇာတ်ကြမ်းဖြစ်တဲ့အတွက်ပရိတ်သတ်အကြိုက်ဇာတ်ကားတစ်ကားဖြစ်မှာကျိန်းသေပါပဲ။

Special 9 Gold Carpet Showကိုတော့မနေ့ညကပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီပွဲကိုပါဝင်ခွင့်ရနဲ့ပရိတ်သတ်တွေလည်းပါဝင်ခဲ့ပါတယ်။ဒီအကြိုပွဲလေးကိုတော့ဒီကားမှာပါဝင်သရုပ်ဆောင်ထားတဲ့အနုပညာရှင်ညီကိုမောင်နှမတွေအကုန်ပါဝင်တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ဒီပွဲလေးကိုတက်ရောက်တဲ့အနုပညာရှင်တွေကတော့ထူထူးခြားခြားဆိုင်ကယ်တွေနဲ့တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒီဇာတ်ကားလေးကိုယုန်လေးကအဓိကဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။သူရဲ့ Original Gangsterဇာတ်ကားတွေကလည်းပရိတ်သတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းခံရတဲ့ဇာတ်ကားတွေလည်းဖြစ်ပါတယ်။ဒီကားမှာလည်းကိုယ်တိုင်ဇာတ်ညွှန်း၊ဒါရိုက်တာဝင်လုပ်ပြီးသရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။စိတ်တူကိုယ်တူသူငယ်ချင်းတွေနဲ့အလုပ်လုပ်တာပျော်တယ်ဆိုတဲ့ယုန်လေးရဲ့Special 9ဇာတ်ကားလေးကိုလည်းအားပေးကြပါဦးလို့ဖိတ်ခေါ်လိုက်ကပါတယ်။

Source:Kyaw Phone Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။