မကြီးစိုးလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ နာမည်ကျော် ဝါရင့်သရုပ်ဆောင် အကယ်ဒမီမင်းသမီးချော စိုးမြတ်သူဇာကတော့ ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို အနုပညာလောကမှာလည်း ပီပြင်တဲ့ဇာတ်ရုပ်တွေနဲ့ လေးစားအားကျရတဲ့ မင်းသမီးချောတစ်ဦးပဲ ဖြစ်ပါတယ်..။

အားလုံးရဲ့အချစ်တွေကို ပီပြင်တဲ့ကာရိုက်တာတွေနဲ့ ဖမ်းစားထားတဲ့ မကြီးစိုးကတော့ နာမည်ကြီး ဟိုတယ်တစ်ခုဖြစ်တဲ့ Novotel Hotel မှာ မွေးနေ့ Surprise လေး ပြုလုပ်ခံလိုက်ရပါတယ်..။

Novotel Hotel မှာ "Sweet & Smart Fashion Collection" က ကျင်းပပြုလုပ်တဲ့ Fashion Show အတွက် မျက်နှာသစ်မော်ဒယ် (Angel) ရွေးချယ်ပွဲနဲ့ စာနယ်ဇင်း ရှင်းလင်းပွဲ အခမ်းအနားကို တတ်ရောက်ရင်း မွေးနေ့ Surprise ပြုလုပ်ခံခဲ့ရတာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ သြဂုတ်လ(၃၁)ရက်နေ့လေးကတော့ ဝါရင့်သရုပ်ဆောင်မင်းသမီးချော စိုးမြတ်သူဇာရဲ့ အသက်(၄၇)နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပြီး သူမအတွက် အခုလို မွေးနေ့ Surprise လေးကိုတော့ ဒီဇိုင်နာ မင်းသက်စံက အမှတ်တရ ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်..။

စိုးမြတ်သူဇာကတော့ သူမရဲ့ အသက်(၄၇)နှစ်ပြည့် မွေးနေ့လေးအတွက် မွေးနေ့မနက်စောစော သူမနှစ်စဉ်နှစ်တိုင်း လှူဒါန်းနေကြ အာရုံဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပြီး ညပိုင်းမှာလည်း ရွှေတိဂုံဘုရားမှာ သူငယ်ချင်း၊ ပရိသတ်တွေနဲ့အတူ မွေးနေ့ဆီးမီးထွန်းညှိပူဇော်လှူဒါန်းခဲ့တာ တွေ့ရပါတယ်..။

လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ မကြီးစိုးရဲ့ မွေးနေ့ Surprise ပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - နေမင်းထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။