ပရိသတ်ကြီးရေ မင်းသားချောလေး ကျော်ထက်ဇော်ကတော့ ''အမုန်းမှသည်'' ဇာတ်လမ်းတွဲလေးကတစ်ဆင့် ပရိသတ်တွေရဲ့ နှစ်ခြိုက်အားပေးမှုကို ရရှိလာခဲ့တာ ဖြစ်ပါတယ်။ စူးရှတဲ့မျက်ဝန်းအကြည့်တွေနဲ့ ထိထိမိမိ သရုပ်ဆောင်တတ်တဲ့ ကျော်ထက်ဇော်က ပျိုမေတို့ရဲ့ရင်ကို အပြုံးတစ်ချက်တည်းနဲ့ လှုပ်ခတ်နိုင်သူလည်း ဖြစ်ပါတယ်။ စတိုင်ကျကျ ဖက်ရှင်တွေနဲ့ ယောက်ျားပီသစွာ နေထိုင်ပြောဆိုတတ်တဲ့ သူက ဇာတ်လမ်းတွဲများစွာနဲ့ ဇာတ်ကားတွေကို ရိုက်ကူးအောင်မြင်နေတာ ဖြစ်ပါတယ်။

Mrtv-4 ရုပ်သံမှာ လက်ရှိပြသနေဆဲဖြစ်တဲ့ '' မိုးကောင်းကင်အိပ်မက်'' ဇာတ်လမ်းတွဲမှာလည်း ကျော်ထက်ဇော်က ပါဝင်သရုပ်ဆောင်ထားပါတယ်။ '' ကာရံဟိန်း '' ဆိုတဲ့ သူဌေးသားလေးနေရာက သရုပ်ဆောင်ထားတဲ့ ကျော်ထက်ဇော်က ဗီလိန်ဆန်တဲ့ဇာတ်ရုပ်ကိုလည်း ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်တာ တွေ့ရပါတယ်။ ဒီဇာတ်ကားထဲမှာ '' ဆိုင်းမိုင်'' ဆိုတဲ့ကောင်မလေးကို အရမ်းကိုချစ်မိနေတဲ့ ကောင်လေးနေရာက သရုပ်ဆောင်ထားသလို အပြင်မှာလည်း သူတို့နှစ်ဦးက အတူသွား အတူစားတဲ့ သူငယ်ချင်းတွေလည်း ဖြစ်ပါတယ်။

ကျော်ထက်ဇော်က အခုလည်း '' သတိရလားလို့မေးရင်လေ ဘယ်တော့မှ သတိမရဘူးဗျ..ဘာလို့လည်းဆိုတော့ မေ့တတ်တဲ့သူမို့သာ သတိရခြင်း မရခြင်းဖြစ်တာလေ။ စက္ကန့်နဲ့ အမျှမမေ့တဲ့သူ ဆိုတော့ လုံးဝသတိမရတတ်ဘူး..အော် ...ကျနော်ကလွမ်းပဲလွမ်းတက်တာဗျ '' ဆိုတဲ့ ကဗျာဆန်ဆန် စာသားလေးတွေနဲ့အတူ သူရဲ့ပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။ လတ်တလောမှာ ကျော်ထက်ဇော်တစ်ယောက် တစ်စုံတစ်ယောက်ကို ရည်ရွယ်တဲ့စကားလေးတွေကို ပြောဆိုနေတာကြောင့် ပရိသတ်တွေကတော့ ထင်ကြေးပေးနေကြပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကျော်ထက်ဇော်ရဲ့ အလွမ်းပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Kyaw Htet Zaw; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။