Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီး ကထွက်ပေါ်လာတဲ့ဆိုဖီယာကတော့ ယခုမှာ Crush On You ဆိုတဲ့ တစ်ကိုယ်တော်တေးသီချင်းထွက်ရှိခဲ့ပါတယ်။ ဆိုဖီယာဟာ သီချင်းဆိုဘက်မှာ အောင်မြင်နေရုံသာ မက သရုပ်ဆောင်နဲ့ ပတ်သက်ပြီးတော့လည်း ဇာတ်ကားတွေရိုက်ကူးထားတယ်။သူမကတော့ ယခုမှာပရိသတ်အခိုင်အမာရရှိထားတဲ့ ပြည်သူချစ်အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

သူမကတော့ '' Poison ခဏနေ 3pm တင်မယ်နော်။ မတင်ခင်လေး ဖီ တသိန်းထီပေါက်သွားတယ် '' ဆိုပြီးပြောထားပါတယ်။ မနေ့ကတော့ ထီထွက်ခဲ့တာဖြစ်ပြီးသူမကတော့ထီပေါက်သွားတာကြောင့် ကံကောင်းတယ်လို့ပဲပြောရမှာဖြစ်ပါတယ်။သူမကတော့ မကြာခင်မှာ Poison သီချင်းအသစ်လေး ထွက်တော့မှာပဲဖြစ်ပြီးအခုလို ထီပေါက်သွားခဲ့တာပဲဖြစ်ပါတယ်။

သူမကတော့ Poison သီချင်းအသစ်လေးကို onlineပေါ်တင်ပြီး နာရီအတွင်းမှာပဲ ကြည့်ရှုအားပေးတဲ့ ပရိသတ်ပေါင်း ၂ သောင်း ၆၀၀၀ ကျော်ရှိခဲ့ပါတယ်။ သူမရဲ့သီချင်းလေးဟာ ပရိသတ်တွေရဲ့ခံစားချက်နဲ့လဲတိုက်ဆိုင်နေတာကြောင့် အားပေးသူတွေများပြားနေခဲ့ပါတယ်။ချစ်ပရိသတ်တွေအတွက် ဆိုဖီယာရဲ့ ချစ်စရာပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

source ဆိုဖီယာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။