အမျိုးသမီးတွေအတွက်တော့ ဓမ္မတာလာနေတဲ့အချိန်ဆိုတာ ပြောရရင် ငရဲလိုပါပဲ။ ခါးကိုက်တာ၊ နာကျင်တာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ စိတ်ပိုင်းဆိုင်ရာအတက်အကျမြန်တာ စတဲ့လက္ခဏာတွေကို တစ်လကိုတစ်ကြိမ်ပုံမှန်ခံစားနေရတတ်တဲ့အမျိုးသမီးတွေအတွက် နားလည်ပေးတဲ့သူဆိုတာရှားပါတယ်။ နောက်ပြီး ဓမ္မတာလာခြင်းဟာ အမျိုးသမီးတွေအတွက် မဟာကြီးမားတဲ့ လျိှု့ဝှက်ချက်ကြီးတစ်ခုအနေနဲ့ဖြစ်ပေမယ့် ဒီယောဂဆရာမကတော့ သဘာဝအတိုင်း ယောဂပုံစံအမျိုးမျိုးလုပ်ပြသွားခဲ့ပါတယ်။

Texas မှာနေထိုင်တဲ့ Stephanie Góngora အမည်ရ ယောဂဆရာမတစ်ဦးဟာ သူမဓမ္မတာလာနေစဉ်အချိန်အတွင်းမှာ မဖုံးမကွယ်ဘဲ အဖြူရောင်ဝတ်စုံဝတ်ပြီး လွတိလွတ်လပ်လပ် ယောဂကျင့်စဉ်တွေ ကျင့်ပြခဲ့ပါတယ်။ သူမဟာ အဆိုပါ Video ကို " ငါတို့သည် မိန်းမသားများဖြစ်သောကြာင့် ဓမ္မတာလာသည် " လို့အဓိပ္ပါယ်ရတဲ့ခေါင်းစဉ်နဲ့ အင်တာနက်မှာ တင်ခဲ့တာပဲဖြစ်ပါတယ်။

ဒီ Video တင်ပြီးနောက်ပိုင်းသူမမှာ အကောင်းအဆိုးဝေဖန်မှု နှစ်မျိုးလုံးကို လက်ခံရရှိခဲ့ပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာတွေအထိ ဖြစ်လာတယ်လို့ သတင်းရင်းမြစ်တစ်ခုကနေ ရေးသားထားပါတယ်။ အကောင်းဝေဖန်သူတွေဘက်ကနေ သူတို့ရဲ့ ဓမ္မတာအတွေ့အကြုံ၊ ပြသနာတွေနဲ့ ကျေးဇူးတင်စကားတွေကို သူမဆီပေးပို့ခဲ့ကြပြီး ကျန်တဲ့ဝေဖန်သူတွေကတော့ ဖုံးကွယ်သင့်တဲ့ကိစ္စကို အရှက်မရှိ ဖော်ပြရဲတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

Source : dailymail

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။