မင်းသားချောလေး ကျော်ထက်ဇော်နဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်တို့ကတော့ 'မိုးကောင်းကင်အိပ်မက်" ဇာတ်ကားနဲ့ ပြည်သူပရိသတ်တွေရဲ့ တခဲနက်အားပေးမှုတွေကို အခိုင်မာရရှိထားကြတဲ့ အားလုံးရဲ့ အချစ်တော်လေးတွေပါပဲ.. ။

ကာရံဟိန်းနဲ့ ဆိုင်းမိုင်အဖြစ် ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားတဲ့ ပြည်သူအချစ်တော် နှစ်ဦးကတော့ ဇာတ်ကားရိုက်ကူးရေး ပြီးသွားပေမယ့်လည်း နေ့တိုင်းလိုလို တွေ့ဖြစ်နေတဲ့ အကြောင်းလေးတွေကို ပရိသတ်တွေကို ပြောပြလာပါတယ်..။

"မိုးကောင်းကင်အိပ်မက်" ဇာတ်လမ်းတွဲထဲက ကာရံဟိန်းလေးနဲ့ ဆိုင်းမိုင်တို့ဟာ ဇာတ်ကားရိုက်ကူးပြီးစီးပြီး နောက်ပိုင်းမှာလည်း ကြော်ငြာရိုက်ကူးရေးတွေနဲ့ အခြားအနုပညာအလုပ်တွေကိုအတူ တွဲဖက်လုပ်ဆောင်နေတဲ့အတွက် နေ့တိုင်းလိုလို တွေ့ဖြစ်နေတဲ့အကြောင်းကို ပရိသတ်တွေကို ပြောပြထားတာပဲ ဖြစ်ပါတယ်..။

နေ့တိုင်းလိုလို တွေ့ဖြစ်နေတဲ့ အကြောင်းလေးကိုလည်း BEC Tero Page က လွှင့်တဲ့ live လေးကို လွှင့်ရင်း နှစ်ယောက်အတူ အမှတ်တရ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံလေးတွေကို ဆိုင်းမိုင်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေရင်း ပြောပြထားတာပါ..။

"နေ့တိုင်းလိုလို ဆုံဖြစ်နေတယ် ကိုကာရံ နဲ့ အလုပ်ကိစ္စနဲ့ပါလို့.. BEC Tero Page က live လေးကြည့်ဖြစ်ကြလားဗျို့.." ဆိုပြီး ဆိုင်းမိုင်က ချစ်စဖွယ်လေး ပြောပြထားတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာပဲ ဖြစ်ပါတယ်..။

ဆိုင်းမိုင်ရဲ့ အဲ့ဒီပို့စ်အောက်မှာလည်း ပရိသတ်တွေက Live လေးကို ကြည့်ုဖြစ်တဲ့ အကြောင်းလေးနဲ့ အမြဲအားပေးချစ်ခင်နေမယ့်အကြောင်းလေးတွေကိုလည်း မှတ်ချက်လေးတွေပေး ရေးသားထားကြတာ တွေ့ရပါတယ်.. ။

Photo - ပိုးကြာဖြူခင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။