ပရိသတ်ကြီးရေ ရွှေထူးနဲ့ရွှေမှုန်ရတီတို့စုံတွဲလေးကတော့ မကြာသေးခင်မှ ချစ်သူတွေအဖြစ် အားလုံးကိုဖွင့်ပြောပြီး Official တွဲနေကြတာ ဖြစ်ပါတယ်။ အချစ်ရဲ့ဖူးစာရွာလည်ဆိုသလို အများကမထင်မှတ်ထားတဲ့ သူတို့နှစ်ဦးက အခုချိန်မှာတော့ တစ်ဦးကိုတစ်ဦး အချစ်စစ်တွေနဲ့ ဝေဖန်မှုကြားမှာ ခိုင်မြဲစွာချစ်နေကြတာ တွေ့ရပါတယ်။ ရွှေရွှေစုံတွဲလို့ အားလုံးကချစ်စနိုးခေါ်ဝေါ်ကြတဲ့ သူတို့အတွဲလေးက လတ်တလောမှာ ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို အထူးခံနေရတာလည်း ဖြစ်ပါတယ်။

ချစ်စကြင်နာစမှာ ချစ်သူတို့ကြည်နူးကြတဲ့ သဘာဝအတိုင်း သူတို့စုံတွဲလေးကလည်း အားလုံးကအားကျရလောက်အောင် တစ်နေ့တစ်မျိုးနဲ့ အရမ်းကို Romatic ဆန်နေကြပါတယ်။ လူကြားထဲမှာတောင် အနမ်းပေါ်တင်ပေးပြီး ချစ်ပြနေတဲ့ ရွှေရွှေတို့အတွဲလေးက အခုလည်း ပရိသတ်တွေ မနာလိုဖြစ်စေမယ့်ပုံလေးကို အသစ်တင်ထားတာ တွေ့ရပါတယ်။ ဒီပုံလေးကိုတော့ ရွှေမှုန်က သူမရဲ့ IG မှာ တင်ထားတာပဲ ဖြစ်ပါတယ်။

ရွှေမှုန်နဲ့ ရွှေထူးတို့နှစ်ဦးရဲ့ လျှပ်တပြက်ရိုက်ချက်ပုံလေးက တကယ့်ကိုချစ်ခင်ကြင်နာခြင်းတွေနဲ့ ပြည့်နေတာ တွေ့ရပါတယ်။ လေယာဉ်ပေါ်မှာ ရိုက်ထားတဲ့ဒီပုံလေးကို ရွေမှုန်က ''I just want to be happy '' ဆိုတဲ့စာသားလေးနဲ့အတူ တင်ထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း ရွှေရွှေတို့အတွဲလေးရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးကို ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Shwe Hmone Yati;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။