ပရိသတ်ကြီးရေ မြန်မာနိုင်ငံထဲက အရမ်းကို sexy ကျလှပလှတဲ့ မော်ဒယ်တစ်ဦးဖြစ်တဲ့ နန်းသီရီမောင်ကတော့ မနေ့က သူမကိုယ်တိုင်သီဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ကို လူမှုကွန်ယက်ပေါ်မှာတင်ပေးခဲ့ပါတယ်။

ထိုသီချင်းလေးကရဲ့ နာမည်ကတော့ အစွဲအလန်းကြီးသူ ဖြစ်ပြီး ချစ်သူရည်းစားအပေါ်ကို အရမ်းအစွဲအလန်းကြီးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်ကို ရေးဖွဲ့ထားတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။  

သီချင်း MTV လေးထဲမှာတော့ နန်းသီရီမောင်ဟာ မော်ဒယ်မင်းသား ပိုင်တံခွန်နဲ့ အတူ သရုပ်ဆောင်ထားပြီး MTV လေးကိုတော့ နည်းနည်းခေတ်နောက်ပြန်ဆွဲတဲ့ ပုံစံလေးနဲ့ ရိုက်ကူးထားတာတွေ့ရပါတယ်။

MTV လေးရဲ့အစမှာတော့ ချစ်သူနဲ့ သူဌေးသားလေး ပိုင်တံခွန်နဲ့ ခွဲခွာ ခဲ့ရတဲ့ပုံစံလေးနဲ့ စတင်ခဲ့ပြီး သူတို့နှစ်ဦးရဲ့အချစ်ရေးကို အိမ်ရှင်သူဌေးကြီးသိသွားတဲ့အခါမှာတော့ အိမ်အကူမလေးဖြစ်တဲ့ နန်းသီရိမောင်ကို ရက်ရက်စက်စက်နှိပ်စက်ကြပုံလေးတွေကို ရိုက်ကူးထားပုံလေးက ပရိသတ်တွေကို မျက်ရည်လည်စေလောက်ပါတယ်။ 

ပင်းပန်းဆင်းရဲများစွာခံစားရင်း ချစ်သူကိုစောင့်နေတဲ့ အိမ်အကူမလေး ရဲ့ အသည်းကွဲရတဲ့ ခံစားချက်လေးတွေကို ပုံဖော်ထားတဲ့ ယခုသီချင်းလေးကတော့ အသည်းကွဲဓာတ်ခံရှိသူတွေအတွက်တော့ တကယ့်ကို feel လို့ကောင်းတဲ့သီချင်းလေးတစ်ပုဒ်ပါပဲ။

ပရိသတ်တွေလည်း နန်းသီရိမောင် ရဲ့ အစွဲအလန်းကြီးသူ ဆိုတဲ့သီချင်းလေးကို ခံစားနားဆင်ရင်း feel နိုင်စေဖို့အတွက် သီချင်း Mtv လေးကိုပါဖော်ပြပေးလိုက်ပါတယ်နော်။ 

source - Nang Thiri Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။