အဆိုတော်ပိုပိုကတော့ မြန်မာမိန်းကလေးတွေအသည်းစွဲအားပေးခဲ့ရတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပြီး အောင်မြင်မှုသရဖူပေါင်းများစွာကို ဆွတ်ခူးနိုင်ထားသူဖြစ်ပါတယ်။ပိုပိုကတော့ ယခုမှာမိန်းကလေး ပရိသတ်တွေမဟုတ်ဘဲ ယောကျာ်လေး ပရိသတ်တွေရဲ့ အားပေအးမှုကိုပါရရှိနေပြီပဲဖြစ်ပါတယ်။ ယနေ့မှာတော့ ပိုပိုတစ်ယောက် MTVရိုက်ကူးရင်း ကောင်လေးတစ်ယောက်ရဲ့ ဖက်နမ်းတာကိုခံလိုက်ရပါတယ်။  

သူမကတော့ " ရိုက်ဖူး ခဲ့သမျှ MV တွေ မှာ ဘယ်သူ့ကို တကယ် မနမ်းဖူးသလို အနမ်းလဲ မခံရဖူးပါဘူး ဒါပေမဲ့ ဒီ အခွေမှာ မထင်မှတ်ပဲ ကောင်လေး တစ်ယောက် က တကယ်ကြီး နမ်းလို့ ရှက်လိုက်တာ ပီးတော့ အဲ့အခန်း မပီပြင်လို့ဆိုပြီးတော့ ခဏခဏ ပြန်ရိုက်ရတယ် ကဲ Po Po Masterpiece အခွေထဲ ဘယ်လိုတွေ အကောင်းဆုံး ရိုက်ထားလဲ သိအောင် မူရင်းခွေ ဝယ်အားပေးကြပါနော် " ဆိုပြီးပြောထားပါတယ်။

သူမကတော့ တစ်ခါမှဘယ်သူ့ကို တကယ် မနမ်းဖူးသလို ဘယ်သူနမ်းတာမှလဲ အနမ်းလဲ မခံရဖူးတာကြောင့် ပိုပိုတစ်ယောက်ရှက်နေပါတယ်။ ပိုပိုကတော့ အဆိုပါMTVလေးကို ကြိုးစားပန်းစားရိုက်ကူးထားတာဖြစ်ပြီး နမ်းတဲ့အခန်းလေးမှာ မပီပြင်လို့ဆိုပြီး အကြိမ်ကြိမ်ရိုက်ကူးခဲ့ရပါတယ်။ ပိုပိုရဲ့ Master Peice DVD အခွေလေးကို ၉ရက်နေ့မှာစတင်ဖြန့်ချီမှာဖြစ်ပြီး အဆိုပါMTV တွေ ကို အမိုက်စားတွေ ရိုက်ကူးထားပြီး ၁၆ ပုဒ်တောင်ပါဝင်နေပါတယ်။

SOURCE: POPO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။