OPPO စမတ်ဖုန်းကို ချစ်တဲ့ ပရိသတ်ကြီးရေ …

သြဂုတ်လ ၃၀ ရက်နေ့မှာ OPPO F9 စီရီးကို မိတ်ဆက်ပေးပြီး နောက်မှစ၍ စက်တင်ဘာလ (၆) ရက်နေ့အထိ ကြိုတင်မှာယူမှုများကို လက်ခံနေပြီပဲ ဖြစ်ပါတယ်။ စက်တင်ဘာလ (၈) ရက်နေ့မှာတော့ ကိုယ်မှာယူထားတဲ့ OPPO F9 ကိုသွားရောက်ထုတ်ယူမယ်ဆိုရင် OPPO အမှတ်တံဆိပ် ပါတဲ့ ၃၀,၀၀၀ ကျပ် (သုံးသောင်းကျပ်) တန်ဖိုးရှိတဲ့ ကျောပိုးအိတ်လှလှလေး တစ်လုံးကိုပါ လက်ဆောင် ရမယ်ဆိုတာကို အသိပေး လိုက်ပါတယ်နော်။ စက်တင်ဘာလ (၈) ရက်နေ့ သွားမယူဖြစ်ရင်လည်း တစ်ခြား Gift Set ပေးမဲ့ အစီစဉ်တွေပါ ထပ်ရှိသေးတာမို့ စိတ်ပူစရာမလိုပါဘူး။

ဒါနဲ့မပြီးသေးဘူး နောက်ထပ်သတင်းကောင်းလေးကတော့ OPPO F9 ထုတ်ကုန်သစ်ရဲ့ အားပေးမှုကို အထူး ကျေးဇူးတင်တဲ့အနေနဲ့ OPPO နဲ့ တယ်လီနောမြန်မာတို့ ပူပေါင်းပြီး OPPO F9 သုံးစွဲသူတွေကို တစ်လကို ဖုန်းဘေလ် (၅၀၀၀) ဖြည့်ရုံဖြင့် (1 GB) အင်တာနက်ဒေတာကို အခမဲ့ရရှိပြီး၊ တစ်လတည်းမှာ နောက်ထပ်ဖုန်းဘေလ် (၅၀၀၀) ဖြည့်ရင်လည်း (1 GB) အင်တာနက်ဒေတာကို ထပ်မံရရှိစေမှာဖြစ်ပါတယ်။

ဒီလိုခံစားခွင့်တွေကို တစ်နှစ်တာလုံးရရှိမည်ဖြစ်ပြီး အင်တာနက်ဒေတာပေါင်း (24 GB) ကြီးများတောင်ရရှိ မှာဆိုတော့ အင်တာနက်အတွက် လုံးဝစိတ်ပူစရာမလိုတော့ဘူးပေါ့။ OPPO F9 မှာ ၅ မိနစ်အားသွင်း ၂ နာရီဖုန်းပြော ဆိုတော့ ဖုန်းကြာကြာ အသုံးပြုသူတွေ အတွက်လည်း အဆင်ပြေမှပြေပါပဲ။ Ram – 4 GB၊ Rom 64 GB ပါရှိပြီး ၊ SIM ကဒ် ၂ ကဒ် သုံးလို့ရတဲ့ အပြင် SD ကဒ် 256 GB အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Selfie ချစ်သူတွေအတွက် 25MP အရည်အသွေးရှိတဲ့ ကင်မရာကိုပါအသုံးပြုထားတော့ အလှဆုံးဓာတ်ပုံတွေကို ထုတ်ကြွားဖို့သာ ပြင်ထားလိုက်ပါတော့ ။ အသေးစိတ် သိချင်သေးတယ်ဆိုရင်တော့ နီးစပ်ရာ OPPO ဆိုင်ကို အပြေးလေး မေးကြရအောင်နော်။ OPPO F9 ရဲ့ ဈေး နှုန်းကတော့ ၃၉၉,၉၀၀ ကျပ်ပဲဖြစ်ပါတယ် ….

ကဲခုပဲ …သွားဝယ်ကြစို့နော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။