လူမှုကွန်ယက်တွေပေါ်မှာ ၀ါသနာတူတွေ စုစည်းဖွဲ့ထားတဲ့ Group ပေါင်းများစွာထဲ တိချစ်သူများဆိုတဲ့ ဂရုလေးကတော့ လူသိများထင်ရှားတဲ့ Group လေးတစ်ခုဖြစ်ပါတယ် ။ အဲဒီ Group ထဲမှာ တိရစ္ဆာန်လေးတွေရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေ ချစ်စရာကောင်းတဲ့ Video Clip လေးတွေ အမြဲပြည့်နေလေ့ရှိပြီး လူသိများတဲ့ လူချစ်လူခင်များတဲ့ တိ Cele လေးတွေလဲရှိနေတာပါ ။

အဲဒီထဲက ပြုံးချိုတို့ စူပါ ဆိုတဲ့ ခွေးလေးနှစ်ကောင်ဟာဆိုရင်တော့ မသိသူမရှိတဲ့ တိ Cele လေးတွေပါပဲ ။ သခင်က အရမ်းချစ်လို့ သားလိုကို ကြည့်ရှုစောင့်ရှောက်ထားပေးတာမို့ သူတို့ရဲ့ ကုသိုလ်ကံကောင်းတယ်လို့တောင် မှတ်ချက်ပေးကြရတဲ့ထိပါ ။ သူတို့ကလည်း လူတကာဝိုင်းချစ်ရလောက်တဲ့ထိ တကယ့်ကို ချစ်ဖို့ကောင်းပါတယ် ။ ပွဲတွေမှာ အပြင်မှာ သူတို့ကိုသိကြတဲ့သူတွေ တွေ့ကြတဲ့သူတွေက အမှတ်တယ ဓါတ်ပုံတွေ အတူရိုက်ကူးကြတာ ပျော်စရာပါပဲ ။ သူတို့ကိုချစ်ကြတဲ့သူတွေ များလာတာနဲ့ အမျှ သတင်းဠာနတွေကလည်းဆက်သွယ်လာပြီး သူတို့ရဲ့ ချစ်စရာအမူအကျင့်လေးတွေကို ရိုက်ကူးပြသတဲ့ အစီအစဉ်အချို ့ပါ ရိုက်ကူးခဲ့ကြကာ ပရိတ်သတ်တွေ အကြိုက်တွေ့တဲ့ အစီအစဉ်လေးတွေဖြစ်ခဲ့ပါတယ် ။ အဲဒီလို ပြံုးချိုတို့ စူပါတို့ ညီအကို ကိုချစ်ခင်ကြတဲ့ထဲမှာ အနုပညာရှင်တွေလဲပါ၀င်နေကြတာပါ ။ 

မြန်မာနိုင်ငံက ဒိတ်ဒိတ်ကျဲ Beauty Blogger နေခြည်ဦးတို့ ပိုင်ဆိုင်တဲ့ စိမ်းလဲ့တင် ဟိုတယ်မှာ သွားတည်းတုန်းကတောင် ပြံုးချိုကိုချစ်လို့ အခကြေးငွေမယူခဲ့တဲ့ အပြင် စားစရာ ကြက်ကြော်တွေတောင် ပို့ပေးခဲ့တာပါတဲ့ ။ အခြားပြံုးချိုတို့ညီအကိုကိုချစ်လို့ အတူဓါတ်ပုံတွဲရိုက်ကြတဲ့ အနုပညာရှင်တွေကတော့ ပြေတီဦး ၊ ခင်လှိုင် ၊ ထူးအောင် ၊ ကျော်ကျော်ဗိုလ် တို့ပါပဲ ။ သူတို့နဲ့ အတူ ရိုက်ကူးထားတဲ့ ဓါတ်ပုံလေးတွေကို Myanmarload ပရိတ်သတ်ကြီးအတွက် ထပ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။ ပြံုးချိုတို့ စူပါတို့ရဲ့ ပရိတ်သတ်တွေ ရှိရင်ပြောသွားကြပါလားနော် ။ 

သတင်းအရင်းမြစ် Lamin Moh Moh Thar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။