ရီးရဲယ်မက်ဒရစ်နောက်ခံလူဆာဂျီယိုရာမို့စ်ကချန်ပီယံလိဂ်မှာခါးသီးပြိုင်ဘက်ဘာစီလိုနာရှံုးပွဲကြံုတွေခဲ့ပြီး၎င်းရဲ့အသင်းအနိုင်ရရှိခဲ့တာကြောင့်အလွန်ပျော်ရွှင်မိတယ်လို့ဖွင့်ဟပြောဆိုလိုက်ပါတယ်။
ရီးရဲယ်မက်ဒရစ်နဲ့ဘာစီလိုနာဟာသမိုင်းကြောင်းတစ်လျှောက်ခါးသီးလှတဲ့ပြိုင်ဘက်တွေဖြစ်ကြပြီးတစ်သင်းနဲ့တစ်သင်းဝေဖန်တိုက်ခိုက်တဲ့ကိစ္စတွေဟာဖြစ်နေကျပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့အဂါင်္နေ့ကဘာစီလိုနာဟာချန်ပီယံ၁၆သင်းအဆင့်ပထမအကျော့ရှံုးထွက်ပွဲစဉ်မှာပီအက်ဂျီအသင်းကို၄ဂိုးပြတ်နဲ့ရှံုးနိမ့်ခဲ့တာကြောင့်နောက်တဆင့်ကိုတက်ရောက်ဖို့မျှော်လင့်ချက်နည်းပါးသွားခဲ့ပြီးမနေ့ညကတော့ရီးရဲယ်မက်ဒရစ်ဟာနာပိုလီကို၃ဂိုး၁ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးကွာတားဖိုင်နယ်ကိုတက်ရောက်ဖို့အခြေအနေကောင်းသွားပါတယ်။
ပဲရစ်မှာဘာစီလိုနာရဲ့ရှံုးပွဲနဲ့ပက်သက်ပြီးရီးရဲယ်အသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်က "မပျော်ဘူးလို့ကျွန်တော်မပြောပါဘူး။ ကျွန်တော့်သူငယ်ချင်းတွေခံစားရမှာကိုမမြင်ချင်ပေမယ့်ဘာစီလိုနာကိုတော့မနိုင်စေချင်ပါဘူး။
ခြေစွမ်းဆိုးဝါးခဲ့ရင်တော့ချန်ပီယံလိဂ်မှာဘယ်အသင်းမဆိုဒီလိုရလဒ်နဲ့ကြံုတွေ့ရမှာပါ။ ဒါအံ့သြစရာမဟုတ်ပါဘူး။ ပီအက်ဂျီအသင်းအကောင်းဆုံးကစားသွားနိုင်ပါတယ်။" လို့ပြောသွားခဲ့ပါတယ်။
Ref: AS
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။