ရော်နယ်လ်ကိုုးမင်းဟာ ဘာစီလိုုနာရဲ့ အနာဂတ်နည်းပြဖြစ်လာဖွယ်ရှိကြောင်း ကောလဟာလများ ထွက်ပေါ်နေပါတယ်။ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကိုု ၄ ဂိုုးနဲ့ရှုံးနိမ့်ပြီးနောက် စပိန်အသင်းကြီးဟာ သည်နွေရာသီမှာ ဖိအားများနေတဲ့ လူးဝစ်အနး်ရစ်နဲ့ဇာတ်လမ်းဖြတ်ဖိုု့ ပြင်ဆင်နေပုံုပါ။

အဲဗာတန်နည်းပြကိုုးမင်းဟာလည်း အသင်းမှာ ရောက်နေတာ တစ်နှစ်ရှိခဲ့ပြီး လောလောဆယ် ထွက်ခွာဖုုိ့မရှိကြောင်း ဆုုိသော်လည်း ၄င်းအား ပထမဦးစားပေးအဖြစ် ဘာစီလိုုနာက စဉ်းစားနေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။

ဘာစီလိုုနာဟာ ကစားသမားဟောင်းများ၊ မန်နေဂျာဟောင်းများနဲ့ အဆက်အသွယ် မပြတ်တဲ့ အစဉ်အလာရှိပါတယ်။ လောလောဆယ်မှာတော့ ဆီဗီလာမန်နေဂျာ ဂျော့ချ်ဆမ်ပါလီ၊ အက်သလက်တစ်ဘီဘာအိုု မန်နေဂျာ Ernesto Valverde နဲ့ ရီးရဲဆုုိစီဒက်မန်နေဂျာ Eusebio Sacristan တိုု့ကိုု စဉ်းစားလျက်ရှိတယ် ဆုုိပေမယ့် ကိုုးမင်းကတော့ ပထမဦးစားပေးဖြစ်တယ်လိုု့ ဆိုုပါတယ်။

ကိုုးမင်းအနေနဲ့ဘာစီလိုုနာမှာ နည်းပြလုုပ်မယ့်ကိစ္စကိုု လျှို့ဝှက်မှာ မဟုုတ်ပေမယ့် အဲဗာတန်ကလည်း ၄င်းအား ဂိုုးဒီဆွန်းပတ်ခ်မှာ ဆက်နေဖုုိ့ရာ သည်နွေရာသီမှာ ငွေအမြောက်အများသုံုးစွဲရင်း ကစားသမားတွေ ဖြည့်ခဲ့ပါတယ်။

Eusebio ကတော့ ယခင် ဘာစီလိုုနာကစားသမားဟောင်းဖြစ်ပြီး လက်ရှိမှာ B အသင်းကိုု တာဝန်ယူနေသလိုု လက်ထောက်နည်းပြ ဖြစ်တဲ့အတွက် ၄င်းအတွက်လည်း အခွင့်အရေး ရနုုိင်ပါတယ်။

#လာလေယောင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။