ဘိုင်ယန်မြူးနစ်အသင်းကိုဂိုးပြတ်ရှံုးနိမ့်လိုက်ရခြင်းသည်စိတ်ဓါတ်ပိုင်းပြိုကျခဲ့လို့ဖြစ်တယ်လို့အာဆင်ဝင်းဂါးကပြောပါတယ်။မနေ့ကအာဆင်နယ်အသင်းဟာ ဘိုင်ယန်ကို ပထမပိုင်းအထိ သရေကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ (4)ဂိုးထိ အသွင်းခံလိုက်ရပါတော့တယ်။

ပြန်ရှင်းပြဖို့တော်တော်ခတ်ပါတယ်၊ ပထမပိုင်းမပြီးခင်က ကျွန်တော်တို့ဂိုးသွင်းဖို့ အခွင့်အရေးတွေ နှစ်ကြိမ်တောင်ရခဲ့ပါတယ်။ သူတို့ဦးဆောင်ဂိုးသွင်းလိုက်နု်ိင်ပေမယ့် ကျွန်တော်တို့ ကောင်းမွန်စွာ ပြန်လာနိုင်ခဲ့ပါတယ်။

ဒါပေမယ့်ဒုတိယပိုင်းစပြီးသိပ်မကြာမီမှာကိုဆီနီရယ်ကိုဆုံးရှံုးလိုက်ရတာက တော်တော်ကိုစောလွန်းတယ်။ သူမထွက်ခင်က 1-1 ဆိုတဲ့အနေအထားဟာ သူမရှိတဲ့နောက်ပိုင်းမှာလဲပြိုသွားခဲ့တော့တယ်။ဘိုင်ယန်ကကျွန်တော်တို့ထက်အများကြီးကောင်းခဲ့ပါတယ်။

ကျွန်တော်ထင်တယ်သူတို့ရဲ့တတိယဂိုးဟာကျွန်တော့်ကစားသမားတွေကိုသတ်လိုက်တာပဲ။ အဲ့ဂိုးအသွင်းခံရပြီးတဲ့နောက်မှာ ကျွန်တော့်ကောင်တွေ မလှုပ်တော့ဘူး လို့ပွဲအပြီးမှာဆိုသွားခဲ့ပါတယ်။ ။

မောရစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။