ပေါက်တီးပေါက်ရှာလို့ ပဲ ဆိုရမှာပါ ။ ဒါပေမယ့် ဒီပေါက်တီးပေါက်ရှာက ချစ်စရာလေးပါပဲ ။ ပြင်သစ် ဓါတ်ပုံဆရာတစ်ယောက်က စတဲ့ ဇာတ်လမ်းပါ ။

သူက ဓါတ်ပုံဆရာပီပီ ရိုက်ကွင်းရိုက်ကွက်ကို အမြဲ တီထွင်ကြံဆနေတဲ့သူတစ်ယောက်ဖြစ်တဲ့ အတွက် သူမွေးထားတဲ့ ခြောက်နှစ်အရွယ်ခွေးကလေးကို ကြည့်ရင်း အကြံတစ်ခုရလာပါတယ် ။ 

အဲဒါကတော့ ခွေးကလေးကို အလှဆင်ပြီး Photo shooting လေးတစ်ခု ဖန်တီးဖို့ပါပဲ ။ သူက တိရစ္ဆာန်တွေကိုချစ်တတ်သူတစ်ယောက်ဖြစ်ပြီးတော့ LA မြို ့မှာရှိတဲ့ City Shelters က ခွေးကလေးတွေကို မွေးစားမယ့်သူရှာပေးတဲ့ ပရဟိတအလုပ်ကို လုပ်ကိုင်နေတဲ့သူပါ ။ ခွေးချစ်တတ်တဲ့သူက သူ့ခွေးကလေးနဲ့အတူ Maxdonna ဆိုတဲ့ Project လေးကို စတင်လုပ်ကိုင်ခဲ့ပါတယ် ။ မက်ဒေါနားဆိုတာ လူုတိုင်းမသိသူမရှိအောင် အောင်မြင်တဲ့ အဆိုတော်တစ်ယောက်မို့ သူ့ခွေးကလေးကို မက်ဒေါနားပုံစံဆင်ယင်ပြီး ပို့စ်အမျိုးမျိုးနဲ့ ပုံလေးတွေ ရိုက်ကူးပါတော့တယ် ။ 

အဲဒီပုံလေးတွေက သူမျှော်မှန်းထားတာထက်ပိုပြီး သဘောကျနှစ်ခြိုက်သူတွေ များပြားခဲ့ပါတယ် ။

မက်ဒေါနားကိုယ်တိုင်ကလည်း သူမပုံစံနဲ့ Max လေးကို မြင်တဲ့အခါ အလွန်ကို သဘောကျခဲ့ပါတယ်တဲ့ ။ ဖက်ရှင်အလန်းတွေနဲ့ သဘာဝကျနေတဲ့ ခွေးကလေးရဲ့ သရုပ်ဆောင်မှုတွေဟာ ကြည့်တဲ့ပရိတ်သတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိခဲ့ပြီး အဲဒီပုံတွေကို ၀ယ်ယူသူများပြားတာမို့ ငွေအမြောက်အများလဲရရှိခဲ့ပါတယ် ။ အဲဒီငွေတွေကိုတော့ မက်ဒေါနားရဲ့ မော်လဝီက မိဘမဲ့ကလေးတွေကိုထောက်ပံ့ပေးတဲ့ ပရဟိတ ဖောင်ဒေးရှင်းကို သူက လှုဒါန်းခဲ့ပါတယ် ။ ခွေးကလေးနဲ့ သူ့ပိုင်ရှင်ရဲ့ ၀မ်းမြောက်စရာ အလှုလေးပါပဲ ။ နှစ်ယောက်စလုံးရဲ့ ပို့စ်တွေကတော့အလန်းတွေနော ။ Madonna နဲ့ Maxdonna ဘယ်သူ့ကိုရွေးမလဲ ပရိတ်သတ်ကြီးရေ ... 

သတင်းအရင်းမြစ် max_et_vincent

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။