လက်ရှိ ခေတ်မီ လူမှု အသိုက်အဝန်းတွင် လင်မယားကွာရှင်း ပြတ်စဲမှုနှုန်းသည် အချိန်နှင့် အမျှ မြင့်တက်လျက်ရှိပြီး ရှေးရိုးဝါဒီများက လက်ထပ်ပြီး မကြာမီဖြစ်စေ၊ ကြာမြင့်လာမှ ဖြစ်စေ လင်မယား ကွာရှင်းကြခြင်းကို ရှုံ့ချပြစ်တင်ကြသော်လည်း ရှေးအတိတ်ကာလများ ကတည်းကပင် ကွာရှင်းမှုများသည် သာမာန် အလေ့အထ တစ်ခုသဖွယ် ဖြစ်နေခဲ့ပါတယ်။ ရှေးဟောင်းအီဂျစ် အမျိုးသားနှင့် အမျိုးသမီးတို့ လက်ထပ်ထိမ်းမြားကြရာတွင် တရားရုံး တစ်ခုခုသို့ သွားရန် မလိုဘဲ သွေးသား မတော်စပ်သော အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့သည် အမိုးအကာ တစ်ခုတည်း အောက်တွင် အတူနေကြရုံဖြင့် အကြင်လင်မယား ဖြစ်သွားကြပါတယ်။

ကွာရှင်းခြင်း၊ နောက်အိမ်ထောင်ပြုခြင်း များသည်လည်း မည်သို့မျှ ထူးခြားမှုမရှိဘဲ ပုံမှန် ဖြစ်နေခဲ့ကြပြီး ဂရိနိုင်ငံတွင် လင်မယား ကွာရှင်းလိုပါက တရားသူကြီး တစ်ဦးဦးထံ တင်ပြရပြီး ကွာရှင်းခြင်းကို လူအများက ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်ကြသော်လည်း ဂျပန်နိုင်ငံတွင်မူ ခင်ပွန်းသည်က မိမိ ဇနီးကို ကွာရှင်းခွင့်မပြုပါက ဇနီး ဖြစ်သူသည် ဘုရားကျောင်းတစ်ခုခုတွင် သုံးနှစ်ကြာ သွားရောက်နေထိုင်ရပါတယ်။ ထိုသို့ နေထိုင်ပြီးပါက လက်ထပ်ထားခြင်းသည် အလိုအလျောက်ပျက်ပြယ်သွားပေသည်။

ဗိုက်ကင်း လူမျိုးစုများတွင် ယောက်ျားဖြစ်သူက မိသားစုအတွက် ထောက်ပံ့မှု မပြုနိုင်လျှင် ဇနိးဖြစ်သူက ခင်ပွန်းကို ကွာရှင်းနိုင်ပါတယ်။

ဗြိတိသျှ အလယ်ခေတ်ကာလတွင် ကွာရှင်းမှုသည် ခရစ်ယာန် ဘုန်းတော်ကြီးတို့၏ တာဝန်ဖြစ်ခဲ့ပြီး ထိုစဉ်က လင်မယား ကွာရှင်းမှု ဆောင်ရွက်ပေးရာတွင် အန်ဂလီကန် ဘုရားကျောင်းတို့သည် ကက်သလစ်ကျောင်းတို့ထက် ပို၍ တင်းကျပ်ခဲ့ပါတယ်

Source : သုတစွယ်စုံ မဂ္ဂဇင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။