သရုပ်ဆောင်စိုးမြတ်နန္ဒာကတော့ အနပညာလောကမှာနည်မည်တစ်လုံးနဲ့ ရပ်တည်နေနိုင်သူဖြစ်ပြီး သရုပ်ဆောင်ချက်အမျိုးမျိူးကို ပိုင်နိုင်ကျွမ်းကျင်စွာသရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီတွေရရှိသည်အထိအောင်မြင်နေတဲ့ စွယ်စွုံရအနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယနေမှာတော့ စိုးမြတ်နန္ဒာတစ်ယောက် ရုပ်ရှင်ဇာတ်ကားတွေပြန်ရိုက်ကူးတော့မဲ့ ချစ်သူစိုးသူအတွက် အားပေးစကားပြောကြားခဲ့ပါတယ်။  

သူမကတော့ " အဓိကပြောချင်တာ ကတော့ ဘစိုး.. မရိုက်ချင်လဲမရိုက်ဘူး .. ရိုက်မယ်လို့ဆုံးဖြတ်ပြီးတော့လဲ လွန်ခဲ့တဲ့ ၆ လလောက်ထဲက ဆံပင်ရှည်တွေထား , ဝိတ်တွေချ , အင်္ကျီအဝတ်အစားတွေစီစဉ် နဲ့ ဒီ ဇာတ်ကားအပေါ် သူ အာရုံစိုက်ခဲ့တယ် ...အဲဒီစေတနာတွေကြောင့် အရာအားလုံးအဆင်ပြေမှာပါ..

သူ တစ်ခါမှ မလုပ်ဖူးတဲ့ Character ဖြစ်ပေမဲ့လဲ ဒါရိုက်တာ လိုချင်တဲ့ ပုံစံအတိုင်း ထပ်တူ လုပ်နိုင်ရင်တော့ ဇာတ်ကောင်နေရာ နဲ့ တသားထဲကျသွားမှာပါ..

အစစအရာရာအဆင်ပြေပြေ အောင်အောင်မြင်မြင်နဲ့ တရားလား ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးစီးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် " ဆိုပြီးပြောထားပါတယ်။  

သူမကတော့ "Congratulationsအရမ်းစေတနာကောင်းတဲ့ , အစစအရာရာကူညီတတ်တဲ့ ကိုထွန်း ( PoePoe production) က ဇာတ်ကားထုတ်လုပ်သူ ...

ဇာတ်လမ်းလေးကလဲ အရမ်းကောင်းတယ် ...ဦးမိုးဦး ( ဒါရိုက်တာ ကျော်ဇောလင်း ) ရိုက်မှာဆိုတော့ ပြောစရာမလိုတော့ဘူး ...တီတီ ရဲ့ အရမ်းကောင်းတဲ့ Acting တွေရယ် , ရွှေကစ် ရဲ့ ချစ်စရာကောင်းတဲ့ Acting တွေရယ် , ပါဝင်မဲ့ အနုပညာရှင်တွေရဲ့ အားတွေ နဲ့ ဒီ ရုပ်ရှင်ဇာတ်ကားလေးက အသက်ဝင်လာတော့မယ် ... " ဆိုပြီး ပြောဆိုထားပါတယ်။ 

source: SOE MYAT NANDAR

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။