၁၆.၂.၂၀၁၇ ရက်နေ့ ၁၇၂၅ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး

ရုံး၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်

(တောင်ပိုင်း)မြို့မရဲစခန်းမယ(ပ)၁၃/၂၀၁၆၊ မူယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်း

လဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁/ကျင့် ၅၁၂၊

လမ်းမတော်မြို့မ ရဲစခန်း(ပ)၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၃၂၃/၁၁၄/

ကျင့် ၅၁၂အမှုမှ တရားခံပြေးဖြစ်သူ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ

နဂါးလေး(ခ)အောင်နိုင်မြင့်၊ (၃၄)နှစ်၊ (ဘ)ဦးဝင်းနိုင်သည် ဒဂုံမြို့သစ်

(တောင်ပိုင်း) မြို့နယ်၊ (၂၀)ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဥဿဘုရားလမ်းဆုံ

အနီးရှိ ကားဝပ်ရှော့တစ်ခုသို့ 5D-3753 X-TRAIL အမျိုးအစားခဲရောင်

မော်တော်ယာဉ်ဖြင့် ရောက်ရှိနေကြောင်းသတင်းအရသွားရောက်ဖမ်းဆီးစဉ်

အဆိုပါ တရားခံပြေးဖြစ်သူမှ ရဲတပ်ဖွဲ့ဝင်များ၏ မော်တော်ယာဉ်များကို

၎င်းမောင်းနှင်သော မော်တော်ယာဉ်ဖြင့်တိုက်ပြီး ထွက်ပြေးသွားခဲ့ပါသည်။

ယင်းသို့ ထွက်ပြေးသွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့်ပစ်ခတ်

ဖမ်းဆီးခဲ့သော်လည်း တရားခံပြေးဖြစ်သူ နဂါးလေး(ခ)အောင်နိုင်မြင့်မှာ

ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ဖမ်းဆီးရမိရေးလိုက်လံဆောင်ရွက်ခဲ့ရာ

၁၆.၂.၂၀၁၇ရက်နေ့ ၂၁၂၅ အချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊

ကျည်စုအနောက်ကွင်း၊ လယ်ကွင်း အလယ်မြေသားလမ်းပေါ်တွင်

၎င်းမောင်းနှင်ထွက်ပြေးသွားသော 5D-3753 X-TRAIL အမျိုးအစားခဲရောင်

မော်တော်ယာဉ်အား ကားစက်နှိုးလျက်၊ ကားမီးများဖွင့်လျက်၊ ဟွန်းသံများ

မြည်ဟီးလျက်ရပ်တန့်ထားသည်ကို တွေ့ရှိရပြီး မော်တော်ယာဉ်အား

စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်မောင်းဘေး ရှေ့တံခါးယာဘက်လိုင်နာစပ်တွင်

ကျည်ဆံရာ ၁ ချက်၊ ရှေ့တံခါးအလယ်တွင် ကျည်ဆံရာ ၁ ချက်၊ ကားနောက်

ခန်းယာဘက်တံခါးဘောင်တွင် ကျည်ဆံရာ ၁ ချက်၊ ကားနောက်မှန်တွင်

ကျည်ဆံရာ ၁ ချက်တို့တွေ့ရှိရပြီး မော်တော်ယာဉ်၏ ရှေ့ယာဘီးတာရာကြေ၊

ရှေ့လေအိပ် ၂ လုံးပွင့်၊ ယာဘက်ရှေ့/နောက်ဘေးမှန်ကွဲ၊ ကားဝဲဘက်နောက်

ဘေးမှန်ကွဲ၊ ၀ဲဘက်ခြမ်း ဘောနက်ပွန်းနှင့် ၀ဲဘက်နောက်ကြည့်မှန်မရှိ၊

မော်တော်ယာဉ်၏နောက်ခန်းထိုင်ခုံပေါ်မှ LINKIN PARK စာတမ်းပါ

အနက်ရောင်ခေါင်းစွပ်အနွေးထည်အကျႌ ၁ ထည်၊ macoc bennl

စာတမ်းပါအနက်ရောင် ရှပ်အင်ကျႌလက်ရှည် ၁ ထည်နှင့် ယာဉ်မောင်းထိုင်ခုံ

အောက်ကြမ်းခင်ပေါ်မှ ညှပ်ဖိနပ် ၁ ရံတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်း

ရမိခဲ့ပြီး တရားခံပြေးဖြစ်သူ နဂါးလေး(ခ)အောင်နိုင်မြင့်မှာ လွတ်မြောက်

နေဆဲဖြစ်သဖြင့် အမြန်ဆုံးဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ဝင်များက လိုက်လံ

ဖမ်းဆီးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။