ပရိသတ်ကြီးရေ အဆိုတော် ရွှေထူးကတော့ ကဗျာဆန်ဆန် စာသားလေးတွေနဲ့ သီချင်းကောင်းလေးတွေကို ရေးစပ်ဖန်တီးလေ့ရှိတာကြောင့် လူငယ်ပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေတွေပါ ထွက်ရှိအောင်မြင်ခဲ့တဲ့ ရွှေထူးက ရှိုးပွဲပေါင်းများစွာမှာ ပါဝင်သီဆိုဖျော်ဖြေနေသူလည်း ဖြစ်ပါတယ်။ အသံကောင်းပြီး ရုပ်လည်းချောတဲ့ ရွှေထူးက သူရဲ့သီချင်းဗီဒီယိုတွေမှာ ကိုယ်တိုင်သရုပ်ဆောင်တဲ့အပြင် မင်းသားအဖြစ်လည်း ရုပ်ရှင်တွေ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

ရွှေထူးက ရုပ်ရှင်သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေရိုက်ကူးခဲ့ရာမှာ မင်းသမီးချောလေး ရွှေမှုန်ရတီနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ရွှေထူးသီဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ဆယ်ဆဟာ Snoop Dog နဲ့ Desiigner - Panda တို့ရဲ့ ပန်ဒါသီချင်းတွေကို မှီငြမ်းထားတယ်ဆိုပြီး troller တွေက ဆေးထိုးနေခဲ့ကြတာပဲဖြစ်ပါတယ် ။ ကော်ပီကြီးတစ်ခု လို လုံးဝကူးချမဟတဟုတ်ပေမဲ့ တူညီတဲ့ သံစဉ်နဲ့ စာသားတချို့ က ဆေးထိုးကြမ်းသူတွေအတွက် ဆေးထိုးလို့ကောင်းစေမယ့်အချက်တစ်ခုဖြစ်ခဲ့ပါတယ် .

အခုတစ်ခေါက်မှာတော့ Rap ချစ်သူ ပရိသတ်တွေကြားမှာ မကြာသေးခင်က ရွှေထူး သီဆိုခဲ့တဲ့ ဆယ်ဆ သီချင်းကို ဝေဖန်မှုတွေရှိနေတာလည်းဖြစ်ပါတယ် ။Trap ဆိုတဲ့ Rap အမျိုးအစားတစ်ခုဟာ နိုင်ငံတကာမှာရေပန်းစားသလို မြန်မာနိုင်ငံက ဂီတနယ်ပယ်မှာလည်း ကျော်ကြားပါတယ်။ ပရိသတ်ကြီးအတွက် ဆေးထိုးကြမ်းတဲ့ Troller တွေ ဖန်တီးဆေးထိုးထားတဲ့ ဗီဒီယိုလေးကို ဖောိပြလိုက်ပါတယ်နော်။ ဆေးထိုးခံနေရတဲ့ရွှေထုူးအတွက်မှတ်ချက်မှာအားပေးစကားလေးပြောပြပေးခဲ့ကြပါဦးနော်။

Source - Pro Sniper အားချောင်းရိုက်သူများ  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။