ပရိသတ်ကြီးရေ နိုင်ငံကျော်မင်းသမီးချောလေး သက်မွန်မြင့်ကတော့ ထိရောက်ပီပြင်တဲ့ အိုက်တင်သရုပ်ဆောင်ချက်တွေနဲ့ အကယ်ဒမီဆုကို ထိုက်တန်စွာ ဆွတ်ခူးရရှိထားတဲ့ ထိပ်တန်းမင်းသမီးတစ်ဦး ဖြစ်ပါတယ်။ အပျိုအရွယ်ထဲက အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့တဲ့ သူမက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း ဇာတ်ကားတွေ ဆက်လက်ရိုက်ကူးနေဆဲ ဖြစ်ပါတယ်။ ချစ်ရတဲ့ ခင်ပွန်းသည်နဲ့အတူ သားတစ်ယောက်၊သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မွန်က အေးချမ်းတဲ့မိသားစုဘဝလေးကို ရရှိထားတာ ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ သူမကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်များစွာရရှိထားတဲ့ မွန်က အခုလတ်တလောမှာတော့ မင်းသားနေတိုးနဲ့အတူ "တာတူး" ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ပါဝင်ရိုက်ကူးခဲ့ပါတယ်။ သက်မွန်အနေနဲ့ များသေားအားဖြင့် အလုပ်ကိစ္စတွေနဲ့ပဲ ခရီးသွားလေ့ရှိပြီး တစ်ယောက်ထဲခရီးသွားလေ့မရှိပါဘူး။ ဒါပေမယ့် ဒီနေ့ စက်တင်ဘာလ ၆ရက်နေ့မှာတော့ သူမက ချစ်ရတဲ့သူငယ်ချင်းတွေနဲ့အတူ ထိုင်းနိုင်ငံကို တစ်ပျော်တစ်ပါးကြီး ခရီးထွက်လာခဲ့ပါတယ်။

အလုပ်တွေနဲ့ပဲ အမြဲလုံးပန်းနေခဲ့ရတဲ့ သက်မွန်က အခုချိန်မှာတော့ သူမရဲ့ရင်ထဲကစကားတစ်ချို့ကို ဖွင့်ချလာခဲ့ပါတယ်။ မွန်က "ပင်လယ်ပြာရယ် ကောင်းကင်ပြာကြီးရယ်...ငါ့ရင်ထဲက သိမ်းထားတဲ့ စကားတွေ ဖွင့်ပြောပါရစေ နားထောင်ပေးပါ... ပြီးရင် အကုန် မေ့ပစ်လိုက်ပါရစေတော့...သိမ်းထားရတာ ပင်ပန်းလွန်းလို့ပါ " ဆိုတဲ့စာသားလေးတွေနဲ့ ပင်လယ်ပြင်ကြီးကို ငေးမောရင်း အပန်းဖြေနေတဲ့ သူမရဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လွတ်လပ်ပေါ့ပါးစွာ ခရီးထွက်နေတဲ့ သက်မွန်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Thet Mon Myint;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။