သရုပ်ဆောင် ရဲတိုက်ဆိုရင်တော့ ပရိသတ်တွေအားလုံးသိပြီးသားဖြစ်မှာပါ ။ အများနဲ့မတူ တမူကွဲပြားနေတဲ့ ထူးထူးခြားခြား ဇာတ်ကားတွေဘဲ ရိုက်ကူးတတ်တဲ့ ရဲတိုက်ဟာ သရုပ် ဆောင်တဲ့နေရာမှာလည်း အရမ်းကို အသက်ဝင်ပီပြင်တဲ့ မျက်လုံးတွေနဲ့ သရုပ်ဆောင် တတ် တဲ့ သဘာဝမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူးနော် ။ ဘဝမှာ ကြုံတွေ့ခဲ့တဲ့အမှား တစ်ခုကြောင့် ပရိသတ်တွေနဲ့ ခေတ္တခဏ ဝေးကွာသွားပြီး အနုပညာအလုပ်တွေ ရပ်နားခဲ့ရ ပေမယ့် အခုတော့ စိတ်သစ်လူသစ်နဲ့ အနုပညာခြေလှမ်းအသစ်တွေ စတင်နေပါပြီနော် ။

သူ့ကိုမျှော်လင့်နေကြတဲ့ ပရိသတ်တွေအားလုံးက သူ့ရဲ့ထပ်မံဖန်တီးမယ့် အနုပညာ အလုပ် တွေကို စောင့်မျှော်နေကြပါပြီ ။ ခုလတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ဒဏ္ဍာရီမိုးဆိုတဲ့ ကားလေးကို ဝတ်မှုန်ရွှေရည် ၊ရွှေထူး ၊ ဒေါင်း တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ရိုက်ကူးနေတာဘဲဖြစ်ပါတယ် ။ ရဲတိုက်ကို အနုပညာရှင်တွေနဲ့ ပျော်ပျော်ပါးပါး ရိုက်ကူးရေးလုပ်နေတာကို ပြန်လည်မြင်တွေ့နေရပြီဘဲ ဖြစ်ပါတယ် ။ ပရိသတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ ရဲတိုက်ရဲ့ ပီပြင်တဲ့ သရုပ်ဆောင် ကွက်တွေကို ပြန်လည်မြင်တွေ့ရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားစရာပါဘဲနော် ။

ရဲတိုက်ဟာ အခုချိန်ထိ အကယ်ဒမီမရရှိသေးပေမယ့် ပရိသတ်ပေးထားတဲ့ ပရိသတ်ရင် ထဲ က အကယ်ဒမီကိုတော့ ဆွတ်ခူးထားနိုင်ခဲ့ပြီဖြစ်ပါတယ် ။ ကြက်သီးထလောက်အောင် ပီပြင် တဲ့ သရုပ်ဆောင် မှုတွေ နဲ့ အမြဲကြိုးစားသရုပ်ဆောင်တတ်တဲ့ ရဲတိုက်ရဲ့ ဒဏ္ဍာရီမိုး ကားလေး ထွက်လာရင်လည်း ပရိသတ်ကြီးအားပေးလိုက်ကြပါဦးနော် ။ ချစ်ပရိသတ်ကြီးအတွက် ရဲတိုက်ရဲ့ ပျော်ရွှင်စွာရိုက်ကူးရေးလုပ်နေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ် ။

Source : Ye Tide

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။