မြန်မာဆန်ဆန်လေးတွေနဲ့ နာမည်ကြီးခဲ့တဲ့ သရုပ်ဆောင် ပပဝင်းခင် ကို ချစ်တဲ့ ပရိသတ်တွေ အခုချိန်ထိရှိနေပါသေးတယ် ။

ကားရိုက်နည်းနေပြီး အနုပညာလှုပ်ရှားမှုတွေ စိပ်လာတဲ့ သရုပ်ဆောင် ပပဝင်းခင် တစ်ယောက် ပရိသတ်တွေနဲ့ အလှမ်းကွာနေခဲ့တာကြာပါပြီ။

ခုနောက်ပိုင်းမှာတော့ သူမရဲ့ မြန်မာဆန်ပြီး အေးချမ်းတဲ့ အလှလေးတွေက ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ် ။

လက်ရှိမှာ သူမရဲ့နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို ပရိသတ်တွေကို အမြဲတမ်း မျှဝေပေးလေ့ရှိတဲ့ သူမဟာ သနပ်ခါးလေး လူးပြီး မြန်မာဆန်နေတဲ့ သူမရဲ့အလှကို ပရိသတ်တွေကို ထပ်မံ မျှဝေလိုက်ပြန်ပါပြီနော် ။ အေးချမ်းတဲ့ အလှလေးနဲ့ မြင်ရသူတိုင်း ရင်အေးသွားစေမယ့် နန်းဆန်တဲ့ အိန္ဒြေရှင် အလှပိုင်ရှင်လေး ပပ ကတော့ တကယ်ကို ရိုးရှင်းပြီးလှပနေတာပါ ။

အနုပညာလှုပ်ရှားမှုတွေ နည်းနေပေမယ့်လည်း သူမရဲ့ ပရိသတ်တွေကတော့ ယခုထက်ထိအခိုင်အမာရရှိထားသူတစ်ယောက်ပဲဖြစ်ပါတယ်။မြန်မာဝတ်စုံလေးတွေနဲ့ ရိုးရိုးရှင်းရှင်းလှနေတဲ့ သူမရဲ့ဓာတ်ပုံတွေကိုတော့ ပရိသတ်တွေသဘောကျမိမယ်လို့ လည်းထင်ပါတယ်။သူမကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့လည်း သူမအတွက် အားပေးစကား လေးတွေပြောခဲ့ကြဖို့မမေ့နဲ့အုံးနော်... ။

Source : PaPa Win Khin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။