ပရိသတ်ကြီးရေ ဗီဒီယိုနဲ့ ရုပ်ရှင်သရုပ်ဆောင် အိအိတုံကိုတော့ မြန်မာဇာတ်ကားတော်တော်များများမှာ ပရိသတ်တွေ မြင်ဖူးကြမယ် ထင်ပါတယ်။ ဇာတ်ပို့ဇာတ်ရံအဖြစ် သရုပ်ဆောင်လေ့ရှိတဲ့ အိအိတုံက ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်ပြီး မင်းသား၊မင်းသမီးတွေရဲ့ဇာတ်ကောင်ကို ပီပြင်လာအောင် ပံ့ပိုးပေးနိုင်သူ ဖြစ်ပါတယ်။ သူမအနေနဲ့ အနုပညာလောမှာ ဇာတ်ရံအဖြစ် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး အခုထိတိုင် ဇာတ်ကားတွေ ရိုက်ကူးနေဆဲ ဖြစ်ပါတယ်။

ရိုးသားဖြူစင်ပြီး ပြည့်ပြည့်ဖောင်းဖောင်းနဲ့ လှနေတဲ့သူမက ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အနုပညာသရုပ်ဆောင်တွေဖြစ်ကြတဲ့ သူမတို့ဇနီးမောင်နှံက အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ရရှိထားပါတယ်။ အရုပ်မလေးလို ငယ်ငယ်လေးနဲ့ ချောမောလှပတဲ့ မီးမီးလေးက ဖေဖေနဲ့ မေမေတို့ကို အမောဖြေစေနိုင်တဲ့တစ်ဦးတည်းသော သမီးလေးလည်း ဖြစ်ပါတယ်။

မီးမီးလေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အိအိတုံရဲ့ချစ်သမီးလေးက အခုကတည်းကတောင် အိုက်တင်မျိုးစုံနဲ့ ပဲပေးနေတတ်ပြီ ဖြစ်ပါတယ်။ အနုပညာရှင်တွေဖြစ်တဲ့ အဖေချော၊အမေချောက မွေးထားတဲ့မီးလေးက မေမေအိအိတုံရဲ့ ခြေရာကိုအမှီလိုက်နိုင်နေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မေမေအိအိတုံရဲ့ချစ်စရာကောင်းတဲ့ သမီးချောလေးရဲ့အိုက်တင်အလှပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Ei Ei Tone;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။