ပရိသတ်တွေအချစ်တော် မင်းသမီးချော သက်မွန်မြင့်နဲ့ သူမတို့သူငယ်ချင်းတစ်သိုက်ကတော့ လတ်တလောမှာ ထိုင်းနိုင်ငံ ဟွာဟင်းကမ်းခြေကို အပန်းဖြေခရီးစဉ်အဖြစ် အလည်အပတ်ရောက်ရှိနေကြတာ တွေ့ရပါတယ်..။

ပျော်စရာခရီးလေးကို အတူသွားနေကြတဲ့ သက်မွန်၊ မိုးပြည့်၊ မေကဗျာ၊ ခင်လေးနွယ်၊ ဖူးစုံ၊ ဒီဇိုင်နာ မပုံ့တို့ သူငယ်ချင်းတစ်စုကတော့ အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော်တွေပဲ ဖြစ်ပါတယ်..။

သူငယ်ချင်းတွေနဲ့အတူ ကမ်းခြေမှာ စိတ်လွတ်လက်လွတ်ပျော်နေရင်း ဒီဇိုင်နာမပုံ့ရဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ပဲပေးဓာတ်ဖမ်းပေးတဲ့ အမိုက်စားပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

ဒီဇိုင်နာမပုံ့ရဲ့ လူငယ်ဖက်ရှင် Ready to wear ဝတ်စုံလေးတွေနဲ့ ကမ်းခြေမှာ တစ်ယောက်ချင်း ဓာတ်ဖမ်းခဲ့တဲ့ သူမတို့ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကိုလည်း သဘောကျစေတာ တွေ့ရပါတယ်..။

ပြန်လည်မျှဝေထားတဲ့ ချစ်သက်တို့ သူငယ်ချင်းတစ်စုရဲ့ ပုံရိပ်လေးတွေကို ကြည့်ရင် စိတ်တူကိုယ်တူခရီးသွားနေကြတဲ့ သူမတို့ရဲ့ အလည်အပတ်ခရီးစဉ်လေးဟာ ဘယ်လောက်ပျော်စရာကောင်းနေမလဲဆိုတာ မြင်တွေ့ရပါတယ်..။

ထိုင်းနိုင်ငံ ဟွာဟင်းကမ်းခြေမှာ ဆင်တူအကျီႋလေးတွေနဲ့ အမှတ်တရဓာတ်ဖမ်းနေကြတဲ့ သူမတို့သူငယ်ချင်းတစ်သိုက်ရဲ့ ပျော်ရွှင်စရာခရီးသွားပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - မိုးပြည့်ပြည့်မောင်၊ သက်မွန်၊ ဖူးစုံ၊ ခင်လေးနွယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။