မေ လို့ခေါ်တဲ့ သရုပ်ဆောင်မင်းသမီးချောလေး ကို ပရိသတ်တွေသိပြီဖြစ်မှာပါနော် ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာ အောင်မြင်နေရုံသာမက သူမရဲ့ အသံချိုချိုလေးကို ပရိသတ်တွေကို အရမ်းကို သဘောကျနှစ်ခြိုက်ကြပါတယ်နော် ။ သူမရဲ့ cover song လေးတွေကိုလည်း ပရိသတ်တွေအရမ်းကို အကြိုက်တွေ့ကြပါတယ် ။

လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ချူဆီဆိုတဲ့ ရုပ်ရှင်ကားမှာ ဒိတ်ဒိတ်ကြဲ မင်းသမီး တွေဖြစ်တဲ့ မယ်လိုဒီ ၊ နန်းစုဦး ၊ အိချောပို ၊ အေးမြတ်သူတို့နဲ့ပါဝင်သရုပ်ဆောင် ထားပြီး စက်တင်ဘာ 6 ရက်နေ့က ရုံတင်ပြသခဲ့တာဖြစ်ပါတယ် ။ အဲဒီ red carpet show ပေါ်မှာ အနီရောင် ဝတ်စုံလေးတွေနဲ့ ပျိုးပျိုးပြက်ပြက်တောက်ပ နေတဲ့ မင်းသမီးချောလေး မေက သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပရိသတ်ကို မျှဝေပေးခဲ့ပါတယ် ။ " ကဲဘယ်သူဆီက ချူရမလဲပြောကြည့် " ဆိုတဲ့စားသားနဲ့အတူ အက်စသာဆိုတဲ့ ကာရိုက်တာထဲက ဒိုင်ယာလော့လေးကိုရေးသားခဲ့တာဖြစ်ပါတယ် ။

သရုပ်ဆောင်ပိုင်းမှာလဲ အပိုအလိုမရှိသလို အသံကြားတာနဲ့ရင်ထဲအေးဆေးနိုင်တဲ့ ချိုသာတဲ့အသံပိုင်ရှင်လေး မေကိုတော့ ပရိသတ်တွေချစ်ကြလိမ့်မယ်ထင်ပါတယ်နော် ။ Red carper Show ပေါ်က အနီရောင် မင်းသမီးချောလေးရဲ့ ရင်သပ်ရှုမောဖွယ်ရာ အလှအပတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Candy May

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။