ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခု ဖြစ်တဲ့ " Coach " အမှတ်တံဆိပ်ဟာ သရေအိတ်၊ ဖိနပ်၊ ဦးထုပ်၊ ရေမွှေး စသဖြင့် Branded လူသုံးကုန်အမျိုးမျိုး နဲ့ Luxury အမျိုးမျိုးကို ထုတ်လုပ်တဲ့ Company တစ်ခု ဖြစ်ပါတယ်။ 1941 ခုနှစ်မှာ စတင်တည်ထောင်လာခဲ့တဲ့ " Coach " အမှတ်တံဆိပ်ရဲ့CEO & Brand President ကတော့ Joshua Schulman ဖြစ်ပါတယ်။

New york ကို အခြေစိုက်ပြီး ခေတ်မီတဲ့ ဒီဇိုင်းနဲ့ လူသုံကုန်တွေကို သီးသန့် ထုတ်လုပ်တဲ့ " Coach " ဟာ ကမ္ဘာကျော် အဆိုတော် ဖြစ်တဲ့ Selena Gomez နဲ့ ပူးပေါင်းတင်ဆက်မှု တစ်ခု ပြုလုပ်ခဲ့ပြီး Selena's Collections တွေကို သီးသန့် ထုတ်လုပ်ဖို့ ပူးပေါင်း မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ Selena's Collections တွေ အဖြစ် လက်ကိုင်အိတ်၊ ပိုက်ဆံအိတ်၊ ဖုန်းကာဗာ၊ သောံတွဲ၊ သရေဂျာကင် ၊ Mini-bag စသဖြင့် ကိုယ်ပိုင် သီးသန့် လူသုံးကုန်တွေကို Selena နာမည်နဲ့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီ Branded Products တွေကို ကြော်ငြာ နဲ့ Billboard တွေ ရိုက်ကူးနေတာ လပေါင်းကြာနေပြီ ဖြစ်သလို တရားဝင် ကြောငြာဖြစ်တဲ့ After Hours with Selena Gomez ဆိုတဲ့ ကြောငြာ Video လေးကို သြဂုတ်လ(၃၀) ရက်နေ့မှာ coach ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Selena Gomezအတွက် သီးသန့် Collections တွေ မှာတော့ အရောင်အားဖြင့် Purple(ခရမ်းနုရောင်)၊Baby pink (ပန်းရောင်)၊ crimson(အနီညို့ရောင်) စသထြင့် မိန်းကလေး ဆန်တဲ့ အရောင်လေးနဲ့ productရဲ့ အမှတ်တံဆိပ်ကိုတော့ Bunny ပုံလေးကို အသုံးပြုထားတာဖြစ်ပါတယ်။ ဖက်ရှင်လ်နဲ့ trendတွေကို လေ့လာလိုက်စားသူတွေ ဒီ ပစ္စည်းတွေကို ဖော်ပြပေးလိုက်ရပါတယ်နော်..။

source: Coach & Selena gomez all updates; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။