သံစဉ်ချိုချိုလေးတွေနဲ့ ပရိသတ်ကိုဖမ်းစားလေ့ရှိတဲ့ အဆိုတော်မလေး ပိုပိုတစ်ယောက် သူမရဲ့အမိုက်စားပုံရိပ်တွေကို ပရိသတ်တွေဆီကို ချပြလိုက် တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက် ပိုင်းလောက်က ဝဇီပိတ် အဓိဌာန်အဖြစ်နဲ့ သုံးရက်တာ သက်သက်လွတ်စားပြီး ကုသိုလ်ပြုခဲ့ပါ သေးတယ်။ ချစ်စရာကောင်းတဲ့ အဆိုတော်မလေးကတော့ သူမရဲ့ဆံပင်ကို အမိုက်စား Light Golden အရောင်တောက်တောက်လေးကိုဆိုးလိုက်တာပဲဖြစ်ပါတယ်။

သူမက ပရိသတ်တွေကို သူမရဲ့ မိသားစုဝင်တွေလို သဘောထားတယ် လို့ဆိုပါတယ်။ ငယ်စဉ်ကတည်းက မိဘမေတ္တာမရခဲ့တာမို့ ပရိသတ်ကြီး ကပေးတဲ့ အချစ် တွေကို သူမက တန်ဖိုးထားတယ်လို့ိဆိုပါတယ်။ ချစ်စရာကောင်းတဲ့ နိုက်တင်းဂေးမလေးကိုလည်း အားပေး ချစ်ခင်တဲ့ ပရိသတ် တွေ အများအပြားပါပဲ။ အောင်မြင်တဲ့အဆိုတော်အဖြစ်နဲ့ သူမက သီချင်း ခွေတွေလည်း ထွက်ရှိထားပြီး ပရိသတ်အားပေးမှုကိုလည်း အပြည့်အ၀ ရရှိထားခဲ့ပါ တယ်။

သူမရဲ့အကြွေစင်ပုံရိပ်တွေကို " ဒီမှာ ကောင်လေး မင်း မမ အရမ်းမိုက်နေတာကို မင်းလိုက် ကြွားစရာ မလို လူတိုင်းအသိ အယ့်လယ် ဆံပင်ပျက်စီးမှာ သိပ်ကြောက်တဲ့ မတ်မတ် ပို ဟာ ဘဝမှာ အကြိုက်ဆုံး ဆံပင် အရောင်ကို Fancy House မှာ တော့ စိတ်ချလက်ချ အရောင် ပြောင်း ဖြစ်ခဲ့တယ် Teacher Gyi က ဆံပင် မပျက်စီးအောင် လိုချင်တဲ့ Colour ထွက်အောင် စိတ်ရှည်လက်ရှည် နဲ့ ဆံပင် ပညာရှင်တွေ နဲ့ အမိုက်စား အရောင် ပြောင်းပေးထားပါ တယ် ကျေးဇူးပါ" ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ အမိုက်စားဒီဇိုင်းလေးနဲ့ အပြတ်လန်းနေတဲ့ ပိုပိုရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo - ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။