သုသုလို့ချစ်စနိုးနာမည်လေးပေးထားတဲ့ ပရိသတ်အချစ်တော် ညီညီမောင်(စမ်းချောင်)ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်း မိတ်ကပ်ပညာရှင်တွေထဲမှာ လူချစ်လူခင်အပေါဆုံး မိတ်ကပ် Artist တစ်ယောက်လို့ဆိုရပါမယ်။ လူမှုကွန်ယက်ပေါ်မှာလည်း ချစ်စရာကောင်းတဲ့ဟာသဗီဒီယိုဖိုင်လေးတွေနဲ့နာမည်ကြီးသူပဲ ဖြစ်ပါတယ်။အချစ်ရေးနဲ့ ပတ်သတ်လာရင်လည်း ပရိသတ်တွေ အမြဲစိတ်ဝင်တစားစောင့်ကြည့်နေရသူလေးဖြစ်ပြီး လက်ရှိမှာတော့အသစ်စက်စက်ချစ်သူအသစ်လေးနဲ့အရမ်းကိုပျော်ရွှင်နေပါတယ်နော်။

ဒီတစ်ခေါက်မှာတော့ ပရိသတ်အချစ်တော် သုသုတစ်ယောက် ပရိသတ်တွေတစ်ခါမှမမြင်ဖူးသေးတဲ့ ပုံစံလေးနဲ့ မြင်တွေ့ရပါတယ်။သူမကတော့ မန္တလေးမြို့ ရတနာ့ဂူမှာ ပြုလုပ်ကျင်းပတဲ့ နတ်ကန္နားပွဲကိုသွားရောက်ခဲ့တာဖြစ်ပြီး ပရိသတ်တွေမမြင်ဖူးသေးတဲ့ ကန္နားစီးတစ်ယောက်အနေနဲ့ နတ်ပွဲမှာ ကခုန်ပျော်ရွှင်ခဲ့တာပဲ ဖြစ်ပါတယ်။သူမကတော့ တကယ့်ကို မာန်ဟုန်အပြည့်နဲ့ ကခုန်ခဲ့တာဖြစ်ပြီး ပိုက်ဆံတွေလည်းကျဲကာ အရမ်းကိုပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။

သူမရဲ့လူမှုကွန်ယက်မှာလည်း နတ်ကန္နားပွဲရောက် အမှတ်တရပုံရိပ်လေးတွေကိုလည်း မျှဝေထားပါတယ်။သူမကတော့လက်ရှိမှာ ချစ်သူအသစ်လေးနဲ့ စိတ်ချမ်းသာနေရတာကြောင့် စိတ်ပျိုကိုယ်နုဆိုသလိုအရမ်းကိုလှနေတာပဲ ဖြစ်ပါတယ်။အပျော်တွေဆက်ကာ ရတနာ့ဂူ ကန္နားပွဲမှာ အားမာန်အပြည့်နဲ့ မမောနိုင်မပန်းနိုင် ပျော်ရွှင်စွာကခုန်နေတဲ့ ပရိသတ်အချစ်တော်သုသုရဲ့Live ဗီဒီယို ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ညီညီမောင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။