ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခု ဖြစ်တဲ့ " Coach " အမှတ်တံဆိပ်ဟာ သရေအိတ်၊ ဖိနပ်၊ ဦးထုပ်၊ ရေမွှေး စသဖြင့် Branded လူသုံးကုန်အမျိုးမျိုး နဲ့ Luxury အမျိုးမျိုးကို ထုတ်လုပ်တဲ့ Company တစ်ခု ဖြစ်ပါတယ်။ 1941 ခုနှစ်မှာ စတင်တည်ထောင်လာခဲ့တဲ့ " Coach " အမှတ်တံဆိပ်ရဲ့CEO & Brand President ကတော့ Joshua Schulman ဖြစ်ပြီး သူတို့ အရမ်းကို သဘောကျရတဲ့ ကမ္ဘာကျော် ဆယ်လီ Selena Gomezအတွက် တသက်တာ အမှတ်တရ ဖြစ်အောင် ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက်နဲ့ Selena Gomez နဲ့ ပူးပေါင်းတင်ဆက်မှု တစ်ခု ပြုလုပ်ခဲ့ပြီး Selena's Collections တွေကို သီးသန့် ထုတ်လုပ်ဖို့ ပူးပေါင်း မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။Selena's Collections တွေ အဖြစ် လက်ကိုင်အိတ်၊ ပိုက်ဆံအိတ်၊ ဖုန်းကာဗာ၊ သောံတွဲ၊ သရေဂျာကင် ၊ Mini-bag စသဖြင့် ကိုယ်ပိုင် သီးသန့် လူသုံးကုန်တွေကို Selena နာမည်နဲ့ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ဆိုင်ရဲ့ ပထမဆုံး Show room ကို တော့ Los Angeles မြို့မှာ Coach အဖွဲ့သားတွေနဲ့ အတူ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

Hours with Selena Gomez ဆိုတဲ့ ကြောငြာ Video လေးကို သြဂုတ်လ(၃၀) ရက်နေ့မှာ coach ထုတ်လုပ်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ(၅)ရက်နေ့မှာတော့ Los Angeles မြို့ရဲ့Show room ဆိုင်နဲ့ အတူ သူမရဲ့ ရာချီတဲ့ ပရိသတ်တွေလည်း ဆုံတွေ့ခဲ့ပါသေးတယ်။ သူမရဲ့ ပရိသတ်တွေနဲ့ ဆိုင်ရှေ့မှာ နုတ်ဆက်စကားများပြောကြားခဲ့သလို ဆိုင်အတွင်းမှာလည်း " Coach " အမှတ်တံဆိပ်ကို နောက်ခံထားပြီး သူမရဲက ပရီသတ်တွေနဲ့ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ပါသေးတယ်။

source: coach & http://www.justjaredjr.com 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။