တစ်ချိန်က ပရိသတ်တွေရဲ့ အသည်းကျော်အဆိုတော်ကြီး ရင်ဂိုတစ်ယောက် တစ်ခေတ် တစ်ခါက ကျော်ကြားခဲ့တဲ့ အဆိုတော်လွှမ်းမိုးရဲ့ " မနှင်းဆီ " သီချင်းကို ဂစ်တာလေးတစ် လက်နဲ့ အလန်းစားသီဆိုသွားခဲ့တာပဲဖြစ်ပါတယ်။ ဂီတလမ်းကြောင်းပေါ်မှာ သူ့ခေတ်သူ့အခါ က အောင်မြင်ခဲ့သူတွေ ဖြစ်ပြီး လက်ရှိအချိန်ထိလည်း ဂေါ်နေဆဲ မိုက်နေဆဲ အဆိုတော်ကြီး ဖြစ်တဲ့ ရင်ဂိုတစ်ယောက် ဆိုသွားပုံက တကယ်ကိုမိုက်လွန်းပါတယ်။

သားဖြစ်သူဟာလည်း ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်တဲ့အဆိုတော် ဟန်ထူးလွင်အဖြစ် နဲ့ ရပ်တည်နေတာဖြစ်ပြီး သံစဉ်အမိုက်စားတွေကို ဖန်တီးနေတာပဲဖြစ်ပါတယ်။ ဖခင်ခြေရာကို အပြည့်အဝနင်းနိုင်တဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ အဖေ ရောသားပါ နှစ်ယောက်လုံးက ပရိသတ်တွေဆီကို အမြဲတမ်း အမိုက်စားသံစဉ်တွေနဲ့ တင်ဆက်ခဲ့သူတွေလည်းဖြစ်ပါတယ်။

ပရိသတ်တွေရှေ့မှာ သိပ်မတွေ့ရတော့တဲ့ ရင်ဂိုတစ်ယောက် ဂစ်တာလေးတစ်လက်နဲ့ " မနှင်းဆီ " သီချင်းကို ကြွေအောင်ဆိုပြသွားပုံက အလန်းစားပါပဲ။ ဒီ Video လေးဟာ အနည်းငယ်ကြာနေပြီဖြစ်ပေမယ့် လက်ရှိမှာ ပြန်လည်ခေတ်စားလာခဲ့တာပဲဖြစ်ပါတယ်။ အသက်ကြီးပေမယ့် မပျက်ဆီးသေးတဲ့ သံစဉ်တွေဟာ ယနေ့ထက်တိုင် လတ်ဆတ်နေဆဲ ပါပဲ။ တစ်ချိန်ကလွှမ်းမိုးရဲ့ " မနှင်းဆီ " ကို ပရိသတ်ကြီး ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေး လိုက်ပြီနော်။

Source - Htet Htet Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။