တောင်ကိုရီးယားနိုင်ငံရဲ့ acticvity Show တစ်ခုဖြစ်တဲ့ Running Man အစီအစဉ်ဟာ တောင်ကိုရီးယား၊ နိုင်ငံသာမက အာရှ ပါမကျန် ယူရိုတွေထိ နာမည်ရလာတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း လူကြိုက်များတဲ့ အစီအစဉ်တစ်ခု ဖြစ်သလို Running Man ပရိသတ်Crazyလေးတွေ ကလည်း များသထက် များလို့ လာပါတယ်။

ဒီနေ့ စက်တင်ဘာလ(၇) ရက်နေ့မှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာကြတဲ့ အဖွဲ့သားနှစ်ဦးဖြစ်တဲ့ Jae Suk နဲ့ Kwang Soo ပုံရိပ် တချို့ ထွက်ရှိလာခဲ့ပြီး Running Man အစီအစဉ် ကို မြန်မာနိုင်ငံ မှာရိုက်ကူး မှာလား ရယ်လို့ ပရိသတ်များက မျှော်လင့်နေကြတာဖြစ်ပါတယ်။ အမှန်တကယ်တော့ Sang Yeob , Jang Hoon နဲ့ Yoo Jae Suk ရဲ့ PD Kwan Yuu တို့ မြန်မာနိုင်ငံကို ရောက်ရှိနေရတဲ့အကြောင်းအရင်းက Running Man အစီအစဉ်ကြောင့်မဟုတ်ဘဲ SBS ရဲ့ variety show အသစ်တစ်ခုဖြစ်တဲ့ 무확행 အစီအစဉ်ကို ရိုက်ကူးဖို့အတွက်လာရောက်ကြောင်းသိရှိရပါတယ်။ 


Diamond Plaza Ocean မှာ ပြုလုပ်မဲ့ အဆိုပါ Variety Show မှာ Sang Yeob နဲ့ Knowing Brothers အစီအစဉ်မှာပါဝင်တဲ့ Basketball Player ဖြစ်တဲ့ Jang Hoon နဲ့ ပုံပါကျန်၂ယောက်ကတော့ fixed members တွေဖြစ်ပြီးတော့ Yoo Jae Suk ရဲ့ PD ရောက်ရှိနေရတဲ့အကြောင်းအရင်းက Yoo Jae Suk နဲ့ Lee Gwang Soo တို့ ၂ယောက်ဟာဆိုရင် 무확행 Variety Show မှာ Guest အနေနဲ့ပါဝင်မှာကြောင့် ရောက်လာခဲ့တဲ့အကြောင်း သိရပါတယ်။အစီအစဉ် အတွက် Guest အဖြစ်ပါဝင်ဖို့ Running Man အစီအစဉ်ရဲ့ အဖွဲ့သားတချို့နဲ့ အတူ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒီနေ့ မနက်မှာ ပဲ ရောက်ရှိလာတာ ဖြစ်ပါတယ်။

ရန်ကုန်ကနေမှ တစ်ဆင့် မန္တလေးကိုက နေ့လည် 2နာရီဝန်းကျင်လောက် ပြန်ထွက်ဖို့ ရာ ရှိပြီး Running Man အတွက် မဟုတ်သလို Diamond Plaza Ocean မှာ စနေနေ့ (8.09.2018 ) ည ၇ နာရီကနေ ၉ နာရီထိ ရိုက်ကူးရေး ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီအတွက်နဲ့ Running Man အစီအစဉ် ကို အရူးအမူး ကြိုက်ရတဲ့ ပရိသတ်တွေလည်း သူတို့ရဲ့ Idol တွေနဲ့ ဆုံတွေနိုင်ဖို့ ဆုတောင်းနေကြသလို ဒိအစီအစဉ်လေး ထွက်ရှိလာဖို့ အရမ်းကို မျှော်လင့်နေကြပြီဖြစ်ပါတယ်။

source:Aè Mon Ko photo &Moet Moet Thwe running man myanmar fans;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။