ချစ်ပရိသတ်ကြီးရေ အဆိုတော် ရွှေထူးကတော့ ကဗျာဆန်ဆန် စာသားလေးတွေနဲ့ သီချင်းကောင်းလေးတွေကို ရေးစပ်ဖန်တီးလေ့ရှိတာကြောင့် လူငယ်ပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေတွေပါ ထွက်ရှိအောင်မြင်ခဲ့တဲ့ ရွှေထူးက ရှိုးပွဲပေါင်းများစွာမှာ ပါဝင်သီဆိုဖျော်ဖြေနေသူလည်း ဖြစ်ပါတယ်။ အသံကောင်းပြီး ရုပ်လည်းချောတဲ့ ရွှေထူးက သူရဲ့သီချင်းဗီဒီယိုတွေမှာ ကိုယ်တိုင်သရုပ်ဆောင်တဲ့အပြင် မင်းသားအဖြစ်လည်း ရုပ်ရှင်တွေ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ 

ရွှေထူးတို့စုံတွဲကတော့ လတ်တလောမှာ ဝေဖန်တိုက်ခိုက်မှုတွေမျိုးစုံကြားကနေ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့အရမ်းချစ်နေကြတာလည်းဖြစ်ပါတယ်။မနေ့ကကျရောက်တဲ့ ချစ်သူသက်တမ်းတစ်လပြည့် အမှတ်တရနေ့လေးမှာလည်း ရွှေထူးက ရွှေမှုန်ကို အမှတ်တရလက်ဆောင်အဖြစ် Gucci ဦးထုပ်လေးပေးခဲ့တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ထို Gucci ဦးထုတ်က မြန်မာငွေကျပ် ရှစ်သိန်းကျော်နီးပါးရှိတယ်လို့လည်းသိရပါတယ်။ 

ရွှေမှုန်ကိုချစ်တဲ့ သူရဲ့အချစ်တွေကိုလည်း အမိုက်စားစကားလုံးတွေနဲ့ သီကုံးပြီး ပြောပြထားတာလည်းတွေ့ရပါတယ်။"အချစ်ကထူးဆန်းတယ် သူပြစ်သွားမယ်ဆိုလည်းချစ်တယ် သူမချစ်တော့ရင်လည်းချစ်မယ်"ဆိုတဲ့ အမိုက်စား စာသားလေးတွေကို သူရဲ့ instagram မှာဖော်ပြထားတာဖြစ်ပါတယ်။ကဲ..ချစ်ပရိသတ်ကြီးတွက် ရွှေထူးရဲ့ အမှတ်တရ လက်ဆောင်လေးနဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Source:Shwe Htoo Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။