နာမည်ကျော် Beauty Blogger တစ်ဦးဖြစ်တဲ့ နေခြည်ဦးကတော့ သူမတတ်ကျွမ်းကျင်နဲ့ မိတ်ကပ်ဖန်တီးမှုတွေနဲ့ လူမှုကွန်ယက်မှာ အောင်မြင်မှုတွေရရှိထားသလို အနုပညာအလုပ်တွေနဲ့လည်း ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုလည်း အခိုက်အမာရရှိထားသူပဲ ဖြစ်ပါတယ်..။

စကားပြောပွင့်လင်းပြီး အမြဲတတ်ကြွလန်းဆန်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကလည်း ပရိသတ်တွေအားပေးချစ်ခင်နေရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါပဲနော်..။

အောင်မြင်တဲ့ အနုပညာရှင်ဆယ်လီတစ်ဦးဖြစ်တာကြောင့် သူမကို အားပေးတဲ့ ပရိသတ်တွေရှိသလို ဝေဖန်တိုက်ခိုက်တဲ့ ပရိသတ်အချို့လည်းရှိနေပြီး နေခြည်ဦးကတော့တော်တော်များများကို ပြန်လည်မဖြေရှင်းခဲ့ပေမယ့် ဒီတစ်ခါမှာတော့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်..။

ပြီးခဲ့တဲ့ စက်တင်ဘာ(၅)ရက်နေ့မှာတော့ နေခြည်ဦးဟာ သူမရဲ့မိသားစုနဲ့အတူ ညစာစားနေတဲ့ မိသားစုပုံရိပ်လေးတွေကိုလည်း “နောက်နှစ်ပေါင်း ၁၀၀ တိုင် ဒီလို နေချင်သေးတယ်..” သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ အမှတ်တရတင်ခဲ့ပြီး အဲ့ဒီအပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေတော်တော်များများကလည်း မှတ်ချက်လေးတွေ အမျိုးမျိုး ပေးထားကြတာ တွေ့ရပါတယ်..။

အဲ့ဒီ “ညီမလေးကပိုချောတယ်..” “အစ်မနဲ့ တစခြားစီပဲ” “နေခြည်ဦးကိုကြည့်မရပေမယ့် ညီမလေးကိုတော့ ချစ်တယ်.. ခုတော့ ညီမလေးကြောင့် သူ့ဖန်ဖြစ်ရပြီ..” ဆိုတဲ့ Comment တွေအမျိုးမျိုးတွေ့ရပြီး နေခြည်ဦးကတော့ သူမရဲ့ညီမဖြစ်သူနဲ့ သွေးထိုးရန်တိုက်ပေးသူတွေကို ညီအစ်မကြား သွေးမခွဲပဲ ကိုယ်ချင်းစာပေးဖို့ တုန့်ပြန်ပြောလိုက်တာ တွေ့ရပါတယ်..။

“သြော် ဘယ့်နှယ် တစ်ဖအေ တစ်မအေထဲကမွေးထားတဲ့ ညီအမအချင်းချင်းတောင် ရန်လာတိုက်ပေးနေတယ်။ ကျွန်မကလေ သူဘာဖြစ်ချင်ချင် သူများညီမတွေထက်သာအောင် ထားတယ်။ အေးခွဲစိတ်ချင်တယ်ဆိုလာရင်တောင် ကျွန်မက ကျွန်မထက်ကောင်းတာသာတာ လုပ်ပေးဖို့အဆင်သင့်ဘဲ ကိုယ့်ကို ကြိုက်သလောက်လာပြော သည်းခံနိုင်တယ်.. ဒီအစားထိုးလို့ မရတဲ့ မိသားစုမောင်နှမဘဝလေးကိုတော့ စတာဘဲဖြစ်ဖြစ် တမင်ဘဲဖြစ်ဖြစ် ဝဋ်ဆိုတာယုံရင် ကိုယ်ချင်းစာတရားရှိရင် မပြောကြပါနဲ့..” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ တုန့်ပြန်ပြောလိုက်တာပဲ ဖြစ်ပါတယ်..။

Photo - နေခြည်ဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။