အိမ်ထောင်ကျပြီး အမျိုးသမီးတွေ လှပလာတာ ဘာကြောင့်လည်း…
၁။ ခင်ပွန်းသည်က စိတ်ချမ်းသာအောင်ထားလို့
တစ်ချို့ အမျိုးသမီးတွေ အိမ်ထောင်ကျပြီးမှ
ပိုပိုလှလာတာကို တွေ့ကြမှာပါ။
အဲဒါ ဘာကြောင့် လှပလာရသလဲ ဆိုတဲ့
အကြောင်းများစွာ ထဲမှာမှ ခင်ပွန်းသည်က
စိတ်ချမ်းသာအောင် ထားတဲ့ အချက်လည်း
ပါဝင်နေတယ်ဆိုတာကို မမေ့ပါနဲ့။
၂။ အိမ်ထောင်ရေး သာယာလို့
အိမ်ထောင်ရေး မသာယာတဲ့ အမျိုးသမီး
တစ်ယောက် အနေနဲ့ အလွန် စိတ်ညစ်ရပါလိမ့်မယ်။
ရုပ်ပိုင်းဆိုင်ရာ ဆိုတာ စိတ်ပိုင်း ဆိုင်ရာနဲ့
ဆက်စပ်နေတဲ့ အတွက် အိမ်ထောင်ရေး
သာယာလို့ ပျော်ရွှင်ရတဲ့ အမျိုးသမီး တစ်ယောက်
အတွက်က စိတ်ပျိုလို့ ကိုယ်ပါနုလာတဲ့
သဘောပါ။
၃။ ချစ်ခြင်း မေတ္တာ
မေတ္တာ တရားဆိုတာ တိုင်းတာလို့မရ အစွမ်းသတ္တိ
ဘယ်လောက် ရှိသလဲ ဆိုတာကို မသိနိုင်ပေမယ့်
လူတစ်ယောက်နုပျို လာဖို့အတွက်တော့ ဖြစ်နိုင်ပါတယ်။
ခင်ပွန်သည်နှင့် ဇနီးသည် အပြန်အလှန်
မေတ္တာထားခြင်းဖြင့်လည်း စိတ်နဲ့ ရုပ်အတွက်
နုပျိုစေတဲ့ ဆေးတစ်ခွက်ပါ။
၄။ သားသမီးတွေ ကြောင့်လည်းပါတယ်
အိမ်ထောင် တစ်ခုမှာ သားတွေ သမီးတွေ ရှိလို့ မိခင်ဟာ
နေ့စဉ် စိတ်ညစ်နေရတယ် ဆိုရင် သူမအနေနဲ့
လှပဖို့ မဖြစ်နိုင်ပါ။
ဒါကြောင့် လိမ္မာတဲ့ သားသမီးတွေ ကြောင့်လည်း
မိခင်ဟာ လှပပျိုနုနိုင်ပါတယ်။
၅။ သူမ ကိုယ်တိုင် ကြောင့်
အစစ အရာရာ အားလုံး အဆင်ပြေနေပါသော်လည်း
သူမကိုယ်တိုင် စိတ်ချမ်းသာအောင် မနေရင်တော့
စိတ်မပျော်ရွှင်နိုင်ပါ။
သူမကိုယ်တိုင်ကလည်း လှပစွာ နေတယ် ပျော်ရွှင်အောင်
နေမယ် ဆိုရင် သူမဟာ အားလုံးက သဘောကျတဲ့
အိမ်ထောင်ကျပြီး လှပတဲ့ အမျိုးသမီး တစ်ယောက်
ဖြစ်လာပါလိမ့်မယ်။
Source: Pyit Tine Htaung
Go Goe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။