ပဉ္စလတ်ရွာ ဇာတ်လမ်းတွဲမှာ စိမ်းဝါဆိုတဲ့ သူကြီးသမီးနေရာနေ သရုပ်ဆောင်ခဲ့တဲ့ ခြူးလေးဟာ MRTV -4 ကရိုက်ကူးတဲ့ ဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ မင်းသမီးချောလေး တစ်ယောက်ဘဲ ဖြစ်ပါတယ် ။

သူမဟာ လတ်တလောအနုပညာ လှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတွဲတွေရိုက်ကူးနေတယ် လို့သိရပါတယ် ။

လက်ရှိမှာတော့ သူမဟာ စစ်ကိုင်းမြို့ကိုရောက်ရှိနေတာဖြစ်ပြီး စစ်ကိုင်းပရိသတ်တွေ နဲ့တွေ့မယ်လို့ သူမက ပြောလာပါတယ် ။ စစ်ကိုင်းရောက်နေတဲ့သူမကတော့ စပေါ့ပြောက် အင်္ကျီလေးနဲ့အရမ်းကို ချစ်စရာကောင်းနေတာပါ ။ ရိုးရိုးရှင်းရှင်းလေးနဲ့ မြင်ရသူတိုင်း ရင်အေးသွားစေမယ့် အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့သူမကတော့ တကယ်ကိုချစ်စရာကောင်းလွန်းပါတယ်နော် ။

ပဉ္စလတ်ရွာ ဇာတ်လမ်းတွဲမှာ သူကြီးသမီး စိမ်းဝါအဖြစ် ပါဝင်ခဲ့တဲ့ ရိုးရိုးအေးအေး ပုံလေးနဲ့သူမဟာ အခုတော့ နတ်သမီးလေးအလား လှပကျော့ရှင်းပြီး မြင်သူတကာ ငေးမောသွားရအောင်လှပနေပါတယ်နော် ။ ချစ်ပရိသတ်ကြီးအတွက်သူမရဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Chue

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။