“အမုန်းမှသည်” ဇာတ်ကားမှာ စိုင်းနေရောင်နဲ့ နေချိုသွေးအဖြစ် လိုက်ဖက်ညီတဲ့ စုံတွဲပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ မင်းသားချောလေး ကျော်ထက်ဇော်နဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေတို့ကတော့ ပရိသတ်တွေရဲ့ အသည်းကျော်နှစ်ဦးပဲ ဖြစ်ပါတယ်..။

နေချိုသွေးအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကလည်း စက်တင်ဘာ(၆)ရက်နေ့မှာ ကျရောက်လာတဲ့ မင်းသားချောလေး ကျော်ထက်ဇော်အတွက် မွေးနေ့ဆုတောင်းစကားလေး တောင်းပေးလိုက်တာ တွေ့ရပါတယ်..။

“Happy Birthday ပါ Oppa yayyyy.. မတွေ့ရတာလဲ ကြာပြီဆိုတေရ့ BD treat ဖို့ စဉ်းစားထားပါဗျို့..” ဆိုပြီး ဗီဒီယိုဖိုင်လေးနဲ့ ချစ်စဖွယ်လေး မွေးနေ့ဆုတောင်းပေးလိုက်တာ ဖြစ်ပါတယ်..။

သူမရဲ့အဲ့ဒီပို့စ်အောက်မှာတော့ မင်းသားချောလေးကျော်ထက်ဇော်ကလည်း “ကျေးဇူးပါ မမတုတုရေ တကယ်ကျွေးမယ်နော်..” ဆိုပြီး Comment လေးပေး ပြန်လည်ရေးသားထားပါသေးတယ်..။

သူမတို့အနုပညာမောင်နှမနှစ်ယောက်ကတော့ “အမုန်းမှသည်” ဇာတ်ကားထဲမှာ လိုက်ဖက်ညီတဲ့ ချစ်သူစုံတွဲလေးအဖြစ် ပါဝင်သရုပ်ောဆင်ထားကြပြီး စိုင်းနေရောင်နဲ့ နေချိုသွေးအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားကြသူလေးတွေဆိုလည်း မမှားပါဘူး..။

မင်းသားချောလေးကျော်ထက်ဇော်ကတော့ လတ်တလော MRTV-4 မှာ ထုတ်လွင့်ပြသနေတဲ့ “မိုးကောင်းကင်အိပ်မက်” ဇာတ်ကားထဲမှာလည်း ကာရံဟိန်းအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး စိုင်းနေရောင်အတွက် နေချိုသွေးလေးရဲ့ သတိတရနဲ့ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ကျော်ထက်ဇော်၊ My Journey Travel

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။