မနေ့က ရူရိုပါလိဒ် ပြိုင်ပွဲမှာ ပြင်သစ်ကလပ်ဘက်ကို (3)ဂိုးသွင်းယူခဲ့တဲ့ မိုဗစ်ဟာ မန်ယူမှာသူ့ရဲ့ ပထမဦးဆုံး Hat Trick ကိုရယူခဲ့တာပါ။ သူဟာ ဒီနှစ်အတွက် ပြိုင်ပွဲစုံ (23)ဂိုးသွင်းယူသွားခဲ့ပြီဖြစ်ပါတယ်။

"အတော်ကောင်းတဲ့ဖီလင်ပါ၊ ဒါပေမယ့် အရေးကြီးတာက အသင်းရဲ့ရလဒ်ကောင်းရဖို့ပါ။ ကျွန်တော်တို့ရဲ့အားထုတ်မှုတွေ အတော်အိုကေတယ်ပြောရမယ်။ ဒီ့ထက်ပိုပြီး လုပ်နိုင်ပေမယ့် အရေးကြီးတဲ့ရလဒ်ကိုရယူနိုင်ခဲ့ပါတယ်"

"ကျွန်တော့သွင်းဂိုးတွေအတွက်လည်း အသင်းဖေါ်တွေကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ပါတ်မှာလည်း တစ်ခုခုထပ်လုပ်ပြနိုင်အုန်းမယ်ထင်ပါတယ်။ ကျွန်တော်တို့ ဒီရူရိုပါလိဒ်ရဲ့ပွဲအဆုံးထိလျှောက်ချင်တယ်"

"ဒီနေ့နိုင်လိုက်တယ်ဆိုပေမယ့် အချိန်တိုအတွင်းမှာတင် အဖြစ်အပျက်တွေပြောင်းလဲ သွားတတ်ပါသေးတယ်။ ဒါ့ကြောင့် အရေးကြီးတာက အခြေအနေကောင်းကို ဆက်ပြီးထိမ်းနိုင်ဖို့၊ ဆက်ပြီးကြိုးစားဖို့နဲ့ယုံကြည်မှုကို ကိုင်ဆွဲထားဖို့ဖြစ်ပါတယ်"

"စိန့်အက်တီယန်အသင်းကလည်း အသင်းကောင်းတစ်သင်းပါ၊ ကျွန်တော် PSG မှာနေတုန်းက သူတို့နဲ့ဆုံဖူးတိုင်း ခတ်ခတ်ခဲခဲကစားရလေ့ရှိတယ်။ ဒီနေ့လည်း အလားတူပါပဲ။ ကျွန်တော်ထင်တယ် သူတို့အသင်းမှာ နှစ်ယောက်လောက်က လူသစ်ထင်တယ်။ ဒါပေမယ့် အတော်ကောင်းတဲ့ အသင်းအဖြစ်ရှိနေဆဲပါ"လို့ ပွအပြီးမှာ ပြောသွားခဲ့ပါတယ်။

မနေ့ကပွဲမှာ ဖန်ယူအားပေးသူတွေ ဗုတ်ပေးခဲ့ကြတာမှာ မိုဗစ်က (66%)၊ ပေါ့ဘာက (27%) နဲ့ ဘိုင်လီက (7%)ဖြစ်တယ်လို့ သိရပါတယ်။

မောရစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။