ပရိသတ်ကြီးရေ မင်းသမီးချော မျိုးစန္ဒီကျော်ကတော့ ဝါရင့်သရုပ်ဆောင်တစ်ဦးထဲမှာ အပါအဝင်ဖြစ်တဲ့ နိုင်ငံကျော်မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ VCD တေးအယ်ဘမ်တွေ စပေါ်ခဲ့တဲ့ခေတ်ထဲက သီချင်းဗီဒီယိုတွေမှာ ပါဝင်သရုပ်ဆောင်ရင်း လူကြိုက်များခဲ့တဲ့သူမက ညို့အားပြင်းတဲ့မင်းသမီးချောအဖြစ် ပရိသတ်တွေရဲ့သတ်မှတ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးခဲ့တဲ့ သူမက အိမ်ထောင်ကျပြီး နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကနေ ရပ်နားခဲ့ပါတယ်။

အခုချိန်မှာ မျိုးက ချစ်စရာကောင်းတဲ့သားနဲ့သမီးလေးရဲ့ စံပြမိခင်တစ်ဦးအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ မျိုးရဲ့သမီးလေးဖြစ်တဲ့ jewel လေးက ဖြူဖြူဖွေးဖွေး ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ အရမ်းကိုချစ်စရာကောင်းသူလေး ဖြစ်ပါတယ်။ ကျောင်းနေတဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ မီးမီးလေးက ILBC Preschool မှာ လိမ်လိမ်မာမာ ကျောင်းတက်နေတဲ့ ကျောင်းသူပေါက်စလေးဖြစ်နေတာ တွေ့ရပါတယ်။  

ဒီနေ့မှာတော့ မီးလေးတို့ကျောင်းမှာ Talent Show ပြုလုပ်တာခဲ့ပြီး Jewel လေးက Minions Dance နဲ့ ပရိသတ်တွေကို ပါဝင်ကပြခဲ့တာ ဖြစ်ပါတယ်။ Minion အင်္ကျီဝတ်စုံအပြည့်နဲ့ မျက်မှန်လေးတပ်ပြီး အရမ်းကိုချစ်စရာကောင်းနေတဲ့ သမီးလေးကို မေမေကလည်း ကျောင်းအထိလိုက်ပြီး အားပေးခဲ့တာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မျိုးစန္ဒီကျော်ရဲ့ ချစ်သမီးချောလေး Jewel ရဲ့ ကျောင်းကပွဲက အသည်းယားစရာပုံလေးတွေနဲ့ ဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Myo Sandy Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။