စက်တင်ဘာလ(၆) ရက်နေ့ ပြုလုပ်ခဲ့တဲ့ New York Fashion Week ကို ကမ္ဘာကျော် ဆယ်လီ များစွာနဲ့ အဆိုတော် တွေ တက်ရောက်ခဲ့ကြပြီး ဒီပွဲကို နယူးယောက်ခ်မြို့ ရဲ့ Chelsea Piers မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ကမ္ဘာကျော် ဒီဇိုင်နာ များစွာ သူတို့ရဲ့ ဒီဇိုင်းတွေကို တင်ပြခဲ့ ကြသလို ကမ္ဘာကျော် မော်ဒယ်လ် ဖြစ်တဲ့ GiGi hadid နဲ့ အတူ အဆိုတော် မိုက်ကယ်ဂျက်ဆင်ရဲ့ သမီးချောလေး ဖြစ်တဲ့ Paris Jackson တို့လည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်။

GiGi hadid နဲ့ Paris Jackson ဘေးမှာတော့ Tiffany Haddish နဲ့ Cardi B တို့ က ဘေးချင်းကပ် အတူတူ ထိုင်ခုံကျခဲ့ပြီး Jeremy Scott‘s fashion show ကို အတူတူ အားပေးခဲ့ကြတာဖြစ်ပါတယ်။ မော်ဒယ်လ် GiGi hadid ကတော့ သူမရဲ့ ကိုယ်ပိုင် အလုပ်ဖြစ်တဲ့ Role Model တစ်ယောက် အနေနဲ့ လည်း Tom Ford‘s show မှာ ပါဝင် လျှောက်ရမှာ ဖြစ်ပါတယ်။

GiGi hadid နဲ့ Paris Jackson တို့ နှစ်ယောက် ရဲ့ တစ်ယောက်ကိုတစ်ယောက် ခင်ခင်မင်မင်နဲ့ အတူတူ အားပေးနေတဲ့ ပုံရိပ်လေးတွေက ကင်မရာသမားတွေက အမိအရ ရိုက်ကူးနိုင်ခဲ့ပြီး အမှန်တကယ်ကို ကြည်နူးစရာကောင်းနေတာဖြစ်ပါတယ်။ဒီ Fashion Week ကို တက်ရောက်ခဲ့တဲ့ GiGi hadid ကတော့ အနက်ရောင် outfit ကို ဝတ်ဆင်ထားပြီး Paris Jackson ကတော့ အနီရောင် ဘောင်းဘီနဲ့ လိုက်ဖက် တဲ့ လည်ဟိုက် အင်္ကျီ ကို ဝတ်ဆင်ထားတာဖြစ်ပါတယ်။

source:http://www.justjaredjr.com & GETTY IMAGE ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။