“ရယ်သောသူသည် အသက်ရှည်၏” တဲ့

ကဲ..ဒီတစ်ခါအူတက်အောင် ရယ်ရမယ့် ဓားပြဗိုလ်မလေး ဘင်လာခင် နဲ့ ငွေတိုးပေးစားတဲ့ ချစ်တိုးတို့ တွေ့ဆုံကြတာတွေကို ရိုးရိုးဟားရတာမဟုတ်ဘဲ ဝါးလုံးကွဲအောင် ရယ်ကြရမှာမို့ ဟီးဟီးဟားဟား ရုပ်ရှင်ကားလေးကို ပိတ်ရက်မှာ သွားကြည့်ဖြစ်အောင် ကြည့်လိုက်နော်… တနင်္လာနေ့ ကနေ သောကြာနေအထိ အလုပ်ထဲမှာအာရုံစိုက်နေရတော့ ခေါင်းထဲမှာအုံခဲပြီး စိတ်မရွင်မလန်း ဖြစ်နေရင် ဒီတစ်ပတ်မှာ ချစ်တဲ့သူနဲ့ဖြစ်ဖြစ် မိသားစုလိုက်ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် သွားကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။

မြင့်မြတ်နဲ့ ရွေမှုန်လေးတို့အပြင် နိုင်ငံကျော်ဟာသအကျော်မော် ဂွန်းပုံလေးနှင့် ဟာသ သရုပ်ဆောင်ပေါင်းများ စွာ ပါဝင်သရုပ်ဆောင်ထားတာမို့ ပျင်းကွက်မရှိမှာအမှန်ပါပဲ။ ဒီကားရဲ့ ထူးခြားချက်က ဓားပြမလေး အဖြစ် ရွေမှုန်က သရုပ်ဆောင်ထားတာကလည်း ထူးခြားချက်တစ်ခုပါ။ တစ်ဖက်မှာလည်း ငွေတိုးပေးစားတဲ့ မြင့်မြတ်က အကြွေး မရရင် ရတဲ့နည်းနဲ့ သူ့အကြွေးတွေ ရအောင် လုပ်တဲ့နည်းတွေကလည်း တစ်ကယ်ကို ပီပြင်လွန်းကာ ဟားတိုက် နေရပါတော့တယ်။ ဓားပြလာတိုက်တဲ့ ဘင်လာခင်ကိုမြင်ပြီး ချစ်ဦးတစ်ယောက် အချစ်စိတ်တွေ ထိန်းမနိုင် တော့တဲ့အခါ နဲ့ ဘာတွေဆက်ဖြစ်မလဲ ဆိုတာ ခန့်မှန်းကြည့်ပေတော့ ….

အရယ်ရဆုံးဇာတ်ဝင်ခန်း ကတော့ မြင့်မြတ်ကို အချုပ်ထဲမှာ မိန်ကလေးနှစ်ယောက်က အနိုင်ကျင့်တဲ့ အခန်း ဆိုရင် ပရိတ်သတ်တွေ ဟားတိုက်ရယ်နေရမယ့် အခန်းဖြစ်ပါတယ်။ အဲ့ဒီ အခန်းလေးထဲကနေ မြင့်မြတ် ရဲ့အော်သံကလည်း တကယ့်ကို စံပါပဲ ….. “ဟီးဟီးဟားဟား” ရဲ့ ဇာတ်လမ်းအကျဉ်းချုပ်ကို ချရေးလိုက်ရင် ရယ်ရတာ ပေါ့သွားမှာစိုးလို့ ဒီလောက်ပဲ ပြောပြလိုက်မယ်နော်။

ကဲ …… နောက်မှ မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရလေအောင် အမြန် သွားကြည့်လိုက်ရအောင်နော် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။