မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး နွယ်ဒါလီထွန်းကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့ စူပါမော်လ်ဒယ်အဖြစ် အောင်မြင်မှုတွေ အခိုင်အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်..။

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဖြူဝင်းလှပတဲ့အသားအရေ၊ ကျစ်လစ်ပြီးအချိုးအစားကျတဲ့ခန္ဓာကောက်ကြောင်းနဲ့ ရှည်လျားတဲ့အရပ်အမောင်းတွေကလည်း သူမကို ပရိသတ်တွေ အချစ်ပိုနေရတာပါ..။

လတ်တလောမှာတော့ သူမတင်လိုက်တဲ့ ပို့စ်တစ်ခုကြောင့် ပရိသတ်အချို့ရဲ့ ဝေဖန်မှုတွေကို ခံနေရတာ တွေ့ရပါတယ်..။

မြန်မာနိုင်ငံကို Running Man အဖွဲ့သားတွေ လာမယ်ဆိုတဲ့ သတင်းကြောင့် လူမှုကွန်ယက်စာမျက်နှာနဲ့ ပရိသတ်တွေကြား အရမ်းကို ရေပန်းစားလူပြောများနေချိန်မှာ သူမက Running Man ကို မသိဘူးလို့ ပြောလိုက်တာကြောင့် ပရိသတ်တွေက စိတ်ဆိုးနေကြတာ ဖြစ်ပါတယ်..။

"ခုချိန်မှာ runningman တို့ exo တို့ yellow claw တို့ကိုမသိလို့သေရမယ်ဆို ငါထိပ်ဆုံးကပါမယ်ထင်တယ်.." ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်..။

သူမရဲ့အဲ့ဒီပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း "အမကမှတော်ပါသေးတယ် တခြားနိုင်ငံကသူတွေကိုပဲမသိတာ ...ကျွန်တော်က ဒီနိုင်ငံမှာပဲမွေးပီး တစ်နိုင်ငံထဲနေတဲ့ အမကိုမသိဘူး"

"EXOတို့RMတို့ကို မသိဘူးပြောတဲ့ အယ်မကရော ဘယ်သူလည်းတစ်ခါမှမကြားဘူးလို့ပါနော်.." ဆိုပြီး ပြောထားကြပြီး အချို့ပရိသတ်တွေကလည်း အပြင်းအထန် ဝေဖန်ထားကြတာ တွေ့ရတယ်..။

Photo - နွယ်ဒါလီထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။