ပရိသတ်ကြီးရေ အဆိုတော်ဖြိုးမြတ်အောင်ကတော့ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့တဲ့ Myanmar Idol Season 3 ရဲ့ Winner ဆုရှင်ပဲ ဖြစ်ပါတယ်၊။ ရွက်ပုန်းသီးလေးဖြစ်တဲ့ ဖြိုးမြတ်အောင်က သူရဲ့ပင်ကိုယစွမ်းရည်တွေကြောင့် အခုလို တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့ အားပေးခြင်းခံနေရတာ ဖြစ်ပါတယ်၊၊ ဟင်္သာတသားလေး ဖြိုးမြတ်အောင်က ကိုယ့်မြို့ရဲ့ဂုဏ်ကိုဆောင်နိုင်ခဲ့သလို လူကြိုက်အများဆုံးအဆိုတော်အဖြစ်လည်း လက်ရှိမှာ ရပ်တည်နေတာ ဖြစ်ပါတယ်၊၊

ဆုရရှိပြီးတဲ့နောက်ပိုင်းမှာ ဖြိုးမြတ်အောင်က ကြော်ငြာတွေစတင်လက်ခံရိုက်ကူးခဲ့ပြီး သီချင်းတွေလည်း ဖန်တီးနေတာ တွေ့ရပါတယ်။ ကျေးဇူးသိတတ်ပြီး ဘဝမမေ့တဲ့ ဖြိုးမြတ်အောင်က ဘုန်းကြီးကျောင်းက ကလေးငယ်တွေကိုဘစတုဒီသာကျွေးမွေးပြီး သီချင်းဆိုဖျော်ဖြေခဲ့သလို အခုလည်း သူ့မွေးရပ် ဟင်္သာမြို့ကြီးက ပြည်သူတွေကို ဖျော်ဖြေပွဲလုပ်ပြီး ကျေးဇူးဆပ်ခဲ့ပါတယ်။ သူနဲ့အတူ သူငယ်ချင်း နေခန့်မင်းသစ်နဲ့ ငွေဇင်လှိုင်းတို့ကလည်း ထောင်ပေါင်းများစွာသော ပရိသတ်ကြီးကို အားရပါးရ ပါဝင်ဖျော်ဖြေခဲ့ကြပါတယ် ။

ဒီအခမဲ့ ကျေးဇူးဆပ်ဖျော်ဖြေပွဲကြီးကိုတော့ စက်တင်ဘာလ ၇ရက်နေ့က ဟင်္သာတမြို့ ဦးပါရဲဘုရားကွင်းပြင်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်၊၊ မရေမတွက်နိုင်လောင်အောင် များပြားပြည့်လျှံတဲ့ ပရိသတ်တွေက မိုးထဲရေထဲမှာတောင် ဗွက်တွေပေတဲ့အထိ ဖြိုးမြတ်အောင်ကို အားပေးခဲ့ကြတာက တကယ့်ကို ကြက်သီးထစရာကောင်းလောက်ပါတယ်။ ဖြိုးမြတ်အောင်အနေနဲ့လည်း ချွေးတလုံးလုံးနဲ့ ဖျော်ဖြေခဲ့ပြီး ပရိသတ်နဲ့တစ်သားတည်းကျခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဟင်္သာတမြို့ကပရိသတ်တွေအတွက် ဖြိုးမြတ်အောင်ရဲ့ ကျေးဇူးဆပ်ပွဲကပုံတွေနဲ့ ဗီဒိယိုဖိုင်ကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Phyo Myat Aung & Nay Khant Min Thit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။