ယခုရက်ပိုင်းမှာပဲ Korea က ကမ္ဘာကျော် Variety Show တစ်ခုဖြစ်တဲ့ Running Man က ပင်တိုင်ကစားသမားတွေဖြစ်ကြတဲ့ Yoo JaeSuk နဲ့ Lee Kwang Soo တို့နှစ်ယောက်ဟာ မြန်မာနိုင်ငံ မန္တလေးမြို ့မှာ ရိုက်ကူးမယ့် Show တစ်ခုမှာ ဧည့်သည်အဖြစ်ပါ၀င်ကစားဖို့ မြန်မာနိုင်ငံကို လာရောက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့တာမို့ ရန်ကုန်က သူတို့ရဲ့ ပရိတ်သတ်တွေဟာ လေဆိပ်မှာ စီတန်းစောင့်ဆိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ် ။ 

မနက်ကစ ညနက်တဲ့ထိ စောင့်ခဲ့ပေမယ့် သူတို့ရဲ့ Idol တွေနဲ့ မတွေ့ခဲ့ရပါဘူး ။ လာရောက်မယ်ဆိုတဲ့သတင်းတွေက ကောလဟာလတွေပါလို့လဲ သတင်းတွေထွက်လာပါတယ် ။ Idol တွေနဲ့ မတွေ့ခဲ့ရပေမယ့် သွားရောက်စောင့်ဆိုင်းခဲ့ကြတဲ့လူအုပ်ကြီးက များပြားလှပြီး သတင်းသမားတွေပါ ရောက်ရှိလာကာ လေဆိပ်က လူစုလူဝေးပုံရိပ်တွေဟာလည်း လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံသွားခဲ့တဲ့အခါ ဒီလိုသွားရောက်ကြိုဆိုတာနဲ့ပါတ်သတ်ပြီး ဝေဖန်မှုများစွာလည်း ထွက်ရှိလာပါတယ် ။ 

ကောင်းတဲ့ ထင်မြင်ချက်အချို ့ရှိသလို ပုံတွေကို ပြင်ဆင်ပြီး Troll တာတွေ ဆိုးဝါးတဲ့ ဝေဖန်မှုအချို ့လည်းရှိလာတာမို့ ၀ိ၀ါဒ ကွဲပြားနေခဲ့ကြတာလဲဖြစ်ပါတယ် ။ ဒီ ၀ိ၀ါဒကွဲပြားမှုထဲမှာ Cele အချို ့ပါ ပါ၀င်လာခဲ့ပြီး ရဲရင့်အောင်ရဲ့ ချစ်သူ ဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင် ဧငြိမ်းဖြူကတော့ Running Man Fan တွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးလိုက်တာပဲဖြစ်ပါတယ် ။ Running Man ကိုသွားရောက်ကြိုဆိုမှုအပေါ် မကောင်းတဲ့ဝေဖန်ချက်များပေးတဲ့သူတွေကို Running Man ကို ဒီလို ကြိုဆိုတာ မြန်မာတစ်နိုင်ငံထဲမဟုတ်တဲ့အကြောင်း Running Man က member တွေကလည်း ချောချောမောမောလေးတွေမို့ ကြိုက်ကြတာမဟုတ်ဘဲ သူတို့ရဲ့ အနုပညာကြိုးစားမှုကို အားပေးတာဖြစ်ကြောင်းတွေကို စာတွေရေးပြီး တင်ပေးခဲ့ပါတယ် ။ ပရိတ်သတ်တို့ရေ ... ဧငြိမ်းဖြူကလည်း Running Man ဘက်ကရှိနေပါတယ်တဲ့နော် ။ ပရိတ်သတ်တို့ရော Running Man ပဲလား ?

သတင်းအရင်းမြစ် A nyein phyu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။